အပိုင်း - ၁၉

Start from the beginning
                                    

"ညီ! ညီ! ဘာဖြစ်လို့လဲ၊ အား ... နာလိုက်တာ"

ဟိဏ်းဆက်၏အနောက်ကို ပြေးလိုက်ရပါတော့သည်။ ဟိဏ်းဆက်သည် ကျဆင်းလာသည့်မျက်ရည်တွေကို လက်နှစ်ဖက်ဖြင့်သုတ်ပစ်လိုက်ပြီး ပြေးထွက်သွားသည်။

"ညီ!"

ခြံတံခါးအနားသို့ရောက်သည်အထိ ပြေးလိုက်ရသည်။ အပြင်သို့ထွက်တော့မည့် ဟိဏ်းဆက်ကို လှမ်းဆွဲလိုက်သည်။

"ညီ ဘာလို့ငိုနေတာလဲ၊ ကိုယ် ဘာများလုပ်မိလို့လဲညီရယ်"

"ခင်ဗျားပြောတော့ တစ်ယောက်တည်းကိုပဲအများကြီးချစ်တာပါဆို၊ ဘယ်မိန်းကလေးကိုမှလည်း စိတ်မဝင်စားပါဘူးဆို၊ အခုတော့ ခင်ဗျားကအပြောတွေနဲ့ ကျွန်တော့်ကိုလှည့်‌စားနေတာပဲ"

"မဟုတ်သေးပါဘူး၊ ညီပြောနေတာတွေတစ်ခုမှ နားမလည်တော့ဘူး"

"မြိုင်နံ့သာလေ မြိုင်နံ့သာ၊ ခင်ဗျားဆီဖုန်းဆက်တယ်၊ ခင်ဗျားနဲ့ဘယ်လိုပတ်သက်မှုလဲဆိုတာမေးကြည့်လိုက်တဲ့၊ ခင်ဗျား လုပ်ရက်တယ်၊ ကျွန်တော်ကစလိုက်တာမို့လို့ ပေါ့ပျက်ပျက်သဘောထားနေတာလား၊ ကျွန်တော့်ကိုအထင်သေးနေတာမလား"

"နေပါဦး နေပါဦး၊ ကိုယ်ရှင်းပြပေးမယ်၊ ကိုယ်နဲ့မြိုင်နံ့သာနဲ့ပတ်သက်တာကမှန်တယ်"

"ဘာ!!!"

"နေဦး ကိုယ်ပြောတာ အဆုံးအထိနားထောင်ဦး၊ မြိုင်နံ့သာက ကိုယ့်ညီမလေးပဲ"

ဟိဏ်းဆက် ကြောင်တောင်တောင်လေးနဲ့ ဟိန်းသူကိုမော့ကြည့်နေသည်။

"ကိုယ်သေချာရှင်းပြမှာမို့ ညီထင်နေတာတွေကိုဘေးဖယ်ထားလိုက်၊ အရင်ဆုံး အိမ်ထဲပြန်ဝင်ရအောင်၊ ကိုယ်အင်္ကျီဝတ်ပါရစေဦး"

ဟိန်းသူသည် အဝတ်အစားတွေဝတ်လိုက်ပြီး ဟိဏ်းဆက်၏ဘေးတွင် တင်ပ‌လင်ခွေကာ ဟိဏ်းဆက်ဘက်သို့မျက်နှာမူလျက် ထိုင်လိုက်သည်။ ဟိဏ်းဆက်သည်လည်း တင်ပလင်ခွေကာ ဟိန်းသူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ဟိဏ်းဆက်၏လက်ကလေးတွေကို ဆုပ်ကိုင်ထားလိုက်သည်။

"ကိုယ့်မေမေကနောက်အိမ်ထောင်ပြုထားတယ်လို့ ညီ့ကိုပြောဖူးတယ်နော်"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now