ပြုံးရောင်​ဟပ်​မျက်​ဝန်း ၁၄

Start from the beginning
                                    

''ဟုတ်မယ်နော်''

kit//
သူထွက်သွားတာကို လိုက်ကြည့်နေတုံးရှိသေးတယ် အနောက်ကနေ ကျွန်တော့် နာမည်ခေါ်လို့ကြည့်လိုက်တော့ ကြိုဆိုပွဲတုံးက မုန့်ပေးတဲ့ p'တွေ ဖြစ်နေသည်။ သူတို့က စကားပြောတော့ ကျွန်တော်လည်း သူတို့ကို ပြန်ပြောလိုက်သည်။ သူက ပြန်လှည့်ကြည့်သည်။ new က kit လို့ခေါ်တာကို အဲ p'တွေက ဇဝေဇဝါဖြစ်ပီး sing ပြောတဲ့ kit ဆိုတာ သူလားတဲ့ သူတို့နှစ်ယောက် အချင်းချင်းမေးနေကြသည်။

ဟုတ်လား p'sing ကျွန်တော့်အကြောင်းတွေ ဘာတွေပြောထားတာလဲ p' သူငယ်ချင်းတွေကိုပါ ပြောတယ်ဆိုတော့ ကျွန်တော် p'နဲ့ တွေ့တုံးက ကိုရီးယားရူးနေတဲ့ ကောင်လေးလို့ ပြောပီး လှောင်နေတာမလား
ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်မိသည်။ သူက တစ်ဖက်ခုံမှာထိုင်နေပေမဲ့ ကျွန်တော်နဲ့ မျက်စောင်းထိုးပုံစံဖြစ်နေတော့ သူ့ကို သေချာမြင်နေရသည်။ သူကတော့ မကြည့်ပဲ သူ့ သူငယ်ချင်းတွေနဲ့သာ စကားပြောနေသည်။ ကျွန်တော့်ကို နှုတ်ဆက်တဲ့ p' တစ်ယောက်က

''krist နဲ့ kit က တစ်ယောက်တည်းလား''

fait က
''အင့်လေ p'... သူ့ပုံစံက နည်းနည်းပြည့်တော့ နာမည်နဲ့လည်း လိုက်အောင် kit လို့ ခေါ်ကြတာ''

''အိုး...ဟင်း ဟင်း''

သူတို့က ရယ်ပီး အံ့သြနေသည်။ တည်ငြိမ်သူကတော့ p'sing ပေါ့ အဲအချိန်မှာ p'sing နဲ့ ထိုင်နေတဲ့ p' တစ်ယောက်က

''ဟဲ့ နင်တို့ မစားတော့ဘူးလား အဲမှာပဲ နေမှာလား''

ကျွန်တော့်ကို ပြောတဲ့ p' တွေက ပြောတဲ့သူကို လှမ်းကြည့်ပီး မျက်စောင်းထိုးလိုက်သည်။ ပီးတော့ ကျွန်တော်တို့ကို

''သွားတော့မယ်နော်''

''ဟုတ်ကဲ့''

သူတို့က ထွက်သွားပီး p'sing တို့ခုံကိုသွားရင်းနဲ့

''ဘယ်လိုဖြစ်နေတာလဲ လာမှာပေါ့''

''အေး လာတာနောက်မှာထား လူအရင်လာ အချိန်ပြည့်ရင် မစားရပဲနေမယ်''

ခုံက ဟိုဘက်ဒီဘက်ဆိုတော့ အတိုင်းသားကြားနေရသည်။ သူတို့က ခုံမှာ သွားထိုင်ကြသည် ကျွန်တော်တို့လည်း ဆက်စားနေကြသည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now