အပိုင်း - ၁၇

Start from the beginning
                                    

"အစ်ကို တော်တော့လို့"

ဟိန်းသူသည် တစိမ့်စိမ့်ထိုင်ကြည့်၍ပြောနေခြင်းကြောင့် ဟိဏ်းဆက်၏မျက်နှာတစ်ခုလုံး နီရဲတက်လာသည်။

"အစ်ကိုအင်္ကျီလဲထားလေ"

"မလဲတော့ဘူး၊ ညရောက်လည်းချွတ်ရမှာပဲဟာ"

"ဗျာ!"

"ဟားဟား စတာပါညီရာ၊ အဲ့လောက်လန့်မသွားပါနဲ့၊ ညီ့အင်္ကျီတွေက ကိုယ်နဲ့တော်ပါ့မလား"

"ဟုတ်သားပဲ၊ နည်းနည်းကြပ်နေမယ်ထင်တယ်နော်၊ ဖေဖေ့ဟာယူပေးမယ်လေ"

"နေပါစေ ရတယ်၊ အစ်ကိုဒီအတိုင်းအိပ်လည်းရတယ်၊
မနက် ညီသွားရင်အစ်ကိုလည်းပြန်မှာ"

"ဒါနဲ့အစ်ကို ကားဘယ်နားမှာရပ်ထားခဲ့လဲ"

"လမ်းထိပ်နားမှာပဲရပ်ထားခဲ့တယ်"

"အရင်လိုခိုးတွေ့ရတာမှမဟုတ်တာ၊ ဘာလို့တိုက်အောက်မှာမရပ်တာလဲ၊ မဖြစ်ဘူး ကားအခိုးခံရလိမ့်မယ်၊ လာ သွားမယ်၊ ကားသွားရွှေ့မယ်"

"ခိုးပါစေ ထားလိုက်၊ ကိုယ့်မှာညီရှိရင်ရပြီ"

"အစ်ကို တော်တော့လို့"

ဟိန်းသူတစ်ယောက် အရိုလွန်သွားသည့်အဆုံးတော့ လက်မှာသွားရာအကွင်းလိုက်ထင်သွားရသည်။

"အား! နာတယ်ညီရဲ့"

"အစ်ကိုကအသည်းယားအောင်လာပြောနေတာလေ ခံပေါ့"

"မပြောတော့ဘူး မပြောတော့ဘူး၊ လုပ်လုပ် လုပ်စရာရှိတာဆက်လုပ်"

ဟိဏ်းဆက်သည် အင်္ကျီတွေကို အိတ်ထဲသို့ထိုးထည့်ပစ်လိုက်တော့သည်။

"ညီ! ငြိမ်ငြိမ်နေကွာ"

ဟိဏ်းဆက်သည် ဟိန်းသူ၏ရင်ခွင်ထဲတွင် ပထမဦးဆုံးအိပ်ရသည်ကြောင့် ရင်ခွင်ထဲတွင်အငြိမ်မနေဘဲ လှုပ်ယွနေသည်။

"အစ်ကိုကလည်း ညီကအသည်းယားလို့ဟာကို၊ ပြီးတော့ အစ်ကို့ရင်ခွင်ထဲမှာပထမဦးဆုံးအိပ်ရတာလေ ဟီးဟီး"

"ငြိမ်ငြိမ်နေ"

ဟိဏ်းဆက်၏နှုတ်ခမ်းလေးကို တစ်ချက်နမ်းပေးလိုက်းသည်။ ဟိန်းသူ ငြိမ်ဆေးပေးလိုက်မှ ငြိမ်ကျသွားတော့သည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now