ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၉

Start from the beginning
                                    

sing//
ကျွန်တော် fait နဲ့ စကားပြောပီး oaujun ထွက်လာတော့ နှုတ်ဆက်ပီး oaujun ဆီ ထွက်လာခဲ့သည် oaujun နားရောက်တော့

''မင်းက ကြာလိုက်တာ''

''သူငယ်ချင်းစောင့်နေလို့''

''အော် လာ သွားမယ်''

ကျွန်တော်လည်း ပြောပီး fait တို့ အုပ်စုကို ကျော်လာခဲ့သည်။ fait ကို စကားသာပြောနေတာ သူ့ သူငယ်ချင်းတွေကို မိတ်ဆက်ချင်းမရှိ စကားပင် မပြောဖြစ်ပါ။ ကိုရီးယား ရူးနဲ့ ကျန်သူငယ်ချင်းတွေက သေချာကြည့်နေသည်။ နောက်တွေ့မှ နှုတ်ဆက်တော့မည် ဆိုတဲ့ အတွေးနဲ့ ကျောင်းအပြင်ထွက်ကာ ကားငှားပြန်ခဲ့သည်။

kit//
ကျွန်တော်တို့လည်း သူတို့ထွက်​သွားတာကို အနောက်ကနေ ကြည့်နေခွင့်သာရှိသည်။
mari က

''fait ကလည်း တစ်ခါတည်းလိုက်သွားပါလား''

''မလိုက်ချင်ပါဘူး အားနာလို့''

''လမ်းတူတာပဲကို''

''တစ်ခါလိုက်ရင် နောက်ရက်တွေပါ ခေါ်နေမှာပေါ့ နေ့တိုင်းမသွားချင်ပါဘူး''

''အေး အဲဒါလည်း ဟုတ်ပါတယ်''

jan က
''နင်ကတာ ဖော်ရွေတယ်ပြောတာ ငါတို့ကိုတောင် တစ်ချက် စကားမပြောဘူး''

''မရင်းနှီးလို့နေမှာပါ''

''မရင်းနှီးလည်း တစ်ကျောင်းထဲပဲဟာကို ခေါ်ပေါ့''

''နင်က ခေါ်စေချင်လို့လား နောက်တစ်ခါ တွေ့ရင် နင်နဲ့ မိတ်ဆက်ပေးမယ်လေ''

''မဟုတ်ပါဘူး''

သူတို့ ပြောနေတာကို ကျွန်တော်က ဘာမှမပြောပဲ နားထောင်နေရင်း လျှောက်လာခဲ့ကြသည်။
ကျွန်တော်တို့လည်း အနောက်ကနေလျှောက်နေရင်း လိုက်ပါလာခဲ့တာ ကျောင်းအပြင်ရောက်တော့ လူစုခွဲကာ ကားငှားပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ mom က ဧည့်ခန်းတွင်ထိုင်နေသည်။ ဒါနဲ့ ကျွန်တော်က

''mom ကျွန်တော်ပြန်လာပီ''

''အေး သား ရေချိုး mom ဟင်းနွှေးလိုက်မယ်''

''ဟုတ်''

ကျွန်တော် အပေါ်တက်လာပီး လွယ်အိတ်ချကာ ရေချိုးခန်းထဲဝင်ပီး ရေချိုးလိုက်သည်။ ခဏနေတော့ ပီးသွားတော့ အောက်ဆင်းလာခဲ့သည်။ mom က အနောက်ခန်းထဲတွင် ထမင်းပွဲ ပြင်ဆင်နေသည်။ ကျွန်တော်က စားပွဲခုံတွင် ထိုင်လိုက်တော့ mom က စားပွဲပေါ် ဟင်းပန်းကန်တင်လိုက်ပီး

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now