ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၆

Start from the beginning
                                    

''p' သွားလိုက်ဦးမယ် အကူအညီလိုရင်ပြောနော် အားမနာနဲ့''

''ဟုတ်ကဲ့ p'sing''

သူကပြောပီးထွက်သွားသည်။ ကျွန်တော်တို့ သူ့ကိုလိုက်ကြည့်နေလိုက်သည်။ fait က
ကျွန်တော့်ကို ပုတ်လိုက်ပီး

''မင်း သူလာတာ မတွေ့ဘူးလား''

''မတွေ့လို့ပေါ့ တွေ့ရင်တိုက်မလားကွ''

''တော်သေးတာပေါ့ p'sing နဲ့မို့လို့''

jan က
''p'sing က ဖော်ရွေသားပဲနော်''

''အင်း သဘောကောင်းပါတယ် သူတို့မိသားစုက ခင်တတ်တယ် သူတို့ ကြည့်ရင် ပြုံးနေတာပဲ တွေ့တဲ့သူတိုင်း နှုတ်ဆက်ကြတယ်''

ကျွန်တော်က
''သူက အဲလောက်လည်း မပြုံးပါဘူး''

mari က
''ပြုံးမလား နင်က တိုက်လိုက်တာကိုး''

''မဆိုင်ပါဘူး''

fait က
''မဟုတ်ပါဘူး''

ကျွန်တော်တို့ စကားပြောနေတုံး ဆရာမရောက်လာ၍ အတန်းထဲဝင်လိုက်ကြသည်။

sing//
fait နဲ့ ကျွန်တော်တို့ စကားပြောတာကို သေချာကြည့်နေသေးတယ် သူ့ပုံစံက စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်နေသည် ကျွန်​​တော်​ သူ့ကို တစ်ချက်ကြည့်လိုက်မိသည်။
ကျွန်တော် fait နဲ့ စကားပြောပီး ထွက်လာခဲ့သည်။ ကျွန်တော်နဲ့ တိုက်မိတဲ့ ကောင်လေးက kit တဲ့ ကိုရီးယား ရူးနေတာနေမှာ ကတာရော သီချင်းဆိုတာရော ပီးတော့ ကိုရီးယား စကားပါပြောလိုက်သေးတယ် လူကတော့ အသားရေကဖြူဖွေးပီး ချောချောလေး ဟိုနှစ်ယောက်သာ သူ့ကို တွေ့ရင် သည်းသည်းလှုပ်နေတော့မယ်

may နဲ့ nem က ဒီနှစ် first လေးတွေက ချောချောလေးတွေလို့ ပြောနေတာ krist ဆိုတဲ့ ကောင်လေးကို ပါးစပ်က မချတာ သူ့ကိုလည်း တွေ့ရင်ပြောမှာပဲ first လေးတွေထဲမှာ kit ဆိုတဲ့ ကောင်လေးလည်း ချောပါတယ်လို့ ဖောက်တယ်ချလိုက်ဦးမှ။

ကျွန်တော်လည်း တွေးရင်း ဆရာရှိတဲ့ အခန်းသို့ ရောက်လာတော့ ဆရာ့ကို စာအုပ်ပေးပီး ပြန်ထွက်လာခဲ့သည်။ သူတို့ အခန်းကို ကျော်လာသည်။ ကျွန်တော်လည်း လှည့်မကြည့်ပဲ ထွက်လာခဲ့လိုက်သည်။

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now