PART ::10 :: မင်းမသိလည်းဖြစ်တယ် ..

Start from the beginning
                                    

အသံမကြားရအောင်နေပါတယ်ဆိုမှအဖွဲ့ဝင်တွေကများသောအားဖြင့်ခြံကြီးရဲ့နောက်ဘက်ကအဆောင်မှာ နေကြသော်လည်း နောင့်ကိုတော့ခေါင်းဆောင်က သူ့အိမ်ကြီးဆီခေါ်ထားလေသည်..။

ခေါင်းဆောင်ကအပေါ်ထပ် နောင်ကအောက်ထပ်ဆိုသော်လည်း တိတ်တဆိတ် နေပေးရမည်ကအမှန်.. လုံးတုံးလုံးတုံးဖြင့်ပြေးထွက်သွားသော အမည်းကောင်လေးနောက် လိုက်ရန်ပြန်ရင်း..ဟင်..ခေါင်းဆောင်ကဧည့်ခန်းမှာဘာလုပ်??

ထိုင်နေကြအတိုင်း ဆိုဖာ ပေါ်ခြေတဖက်ချိတ်ကာ မျက်လုံးတွေမှိတ်ထားရင်း လက်တဖက်မှာတော့စီးကရက်ကိုကိုင်ထားသည်..။

အိပ်နေတာလား.မအိပ်တာလား??အိမ်နေရင်းမလို့ ဖိနပ်မစီးထားသည့်ခေါင်းဆောင်ရဲ့ ခြေဖမိုးဖြူဖြူရှည်ရှည်လေးတွေကအနီရောင်ကော်ဇောပေါ်မှာဝင်းမွတ်နေသည်..။ ဒါနဲ့အဲခြေဖဝါးဘေးကလှုပ်စိလှုပ်စိမဲလုံးလေးက အမလေး.. ခွေးကောင်လေး လျှာလေးတောင်ထုတ်ပြောင်ပြနေသယောင်..အဲအမည်းကောင်တော့နာတော့မယ် လက်ယပ်ခေါ်သော်လည်းမရ.. အံကြိတ်ပြတော့လည်းမျက်လုံးအဝိုင်းသားဖြင့်ပြန်ကြည့်နေသည်..။သူ့များပြောင်ပြနေတယ်ထင်လား.

တယ်။

ခေါင်းဆောင်ရဲ့ အညိုရောင်ဘောင်းဘီစကိုဘာထင်နေသလဲမသိလက်တုတ်တုတ်လေးဖြင့်လှမ်းပုတ်သည်..။ စိတ်ပေါက်ပေါက်နဲ့

ကန်ချခံရရင်နှစ်ကောင်လုံးလမ်းဘေးရောက်ကုန်မှာ ငနာလေးရဲ့..မင်းသခင်ငါဘယ်လောက်မွဲမှန်းမင်းသိရက်နဲ့ နောင်ဧည့်ခန်းဝမှာငုတ်တုတ်ထိုင်ချလိုက်ရင်း အကြံရကာ.. ဘောလုံးပုတ်သလိုလုပ်ပြသည်..။

သကောင့်သားကခဏသာကြည့်ရင်းရာဇဝတ်အိုးကိုတုတ်နဲ့သွားထိုးပြန်သည်..။သူနဲ့အိပ်ရာပေါ်ဆော့သလိုကြမ်းပြင်ပေါ် ..လူးလိမ့်ပြသည်..။

အမျိုးကောင်းသားလေးကအားကျမခံ ဘောင်းဘီစ.သွားနဲ့ပါကိုက်ပြတော့သည်..။

မွေးရကျိုးနပ်သဟ။

မောမောနဲ့ခြေပစ်လက်ပစ်ထိုင်ချရင်းမော့အကြည့် ဘယ်တုန်းကကြည့်နေမှန်းမသိတဲ့ ခေါင်းဆောင်M.. နှုတ်ခမ်းအစွန်းလေးတစ်ဖက်ကကွေးနေသလို.. နောင့်ခမျာပါးစပ်အဟောင်းသားလေး ဖြစ်သွားရှာသည်....။ ဒါဆိုအဲဒါတွေမြင်သွားပြီပေါ့နော်.. ကြီးကြီးရေသားတော့ ခွေးပေါင်းမှားပါပြီ..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now