D

85 11 6
                                    

-ဂျီမင် ဒီနေ့တော့ တူတူလည်ကြမယ်နော် အလုပ်တွေအကုန်လက်စသတ်ထားတယ်

ဂျောင်ကုက ဝရန်တာမှာ ကော်ဖီရပ်သောက်နေတဲ့ ဂျီမင်ကို backhug လုပ်နေရင်းက ပြောတယ်

-အင်း ဘယ်သွားမှာလဲ

-Disney Land

နေ့လည်ထဲက ဂျောင်ကုနဲ့ မြို့ထဲလျှောက်လည် ဈေးဝယ် မုန့်စားရင်းနဲ့ ဂျီမင်လေးတစ်ယောက် ပျော်ရွှင်လို့နေတယ် ညဘက်ရောက်တော့လဲ Hotel မပြန်သေးဘဲ Disney Land မှာ တူတူဆော့ကြသေးတယ်
Hotel  ကိုတော်တော်နောက်ကျမှပြန်ရောက်တယ်

-ဂျီမင် အရင် ဝင်နှင့် ကျွန်တော် ဆေးလိပ်သောက်ပြီးမှဝင်ခဲ့မယ်

ဆေးလိပ်အနံ့မခံနိုင်တဲ့ ဂျီမင်က hotel lobby ကိုအရင်ဝင်တယ်

-အင်း မကြာနဲ့နော် ဝင်နှင့်မယ်

-အော် အကိုဟိုဆော့ မဟုတ်ဘူးလား

ဂျီမင်ဟာ Hotel bar ထဲဝင်သွားတဲ့ ဟိုဆော့နောက်ကိုလိုက်ခဲ့တယ်

-အကို ဟို...

အကိုဟိုဆော့ဟာ ကောင်မလေးတစ်ယောက်ဆီကို လာတာဖြစ်တယ်
ကျွန်တော်မရည်ရွယ်ပေမယ့် သူတို့နှစ်ယောက်ကို ချောင်းကြည့်နေမိတယ်

အကိုဟိုဆော့ ရည်းစားများလား ပြောတော့ ရည်းစားမရှိဘူးဆို
ဘာကြောင့်မှန်းမသိ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေများနေတယ်

အကိုဟိုဆော့က ရုတ်တရက် ကောင်မလေးကို ဖက်လိုက်တယ်

-သူ့ကောင်မလေးကိုး ငါ့ကိုလိမ်တာပေါ့

ကျွန်တော်အဲ့နေရာက မတုံ့ဆိုင်းဘဲ လှည့်ထွက်လာခဲ့တယ် ဒါပေမယ့်
ရင်ထဲမှာ ဘာကြောင့်ပူနေရတာလဲဆိုတာကိုတော့ အဖြေမရှာမိခဲ့ပါ

-ဂျီမင် အခုထိ အခန်းဆီ မရောက်သေးဘူးလား

-Toilet သွားနေတာ အပေါ်ထပ်အထိ မအောင့်နိုင်တော့လို့ သွားကြမယ်လေ

ဂျောင်ကုကပြုံးရင်း လက်ကမ်းပေးတယ်
ဂျီမင် မင်းမှာ ဂျောင်ကုရှိတယ် မရူးစမ်းပါနဲ့

A Quiet Heart

Studio အခန်းထောင့်မှာ ဂျီမင်တစ်ယောက် selca ရိုက်ရင်း အလုပ်ရှုပ်နေသည် ဘာရယ်တော့မဟုတ် ပျင်းပျင်းနှင့် filter ပေါင်းစုံသုံး ကြည့်နေခြင်းပင်

You've reached the end of published parts.

⏰ Last updated: Dec 23, 2018 ⏰

Add this story to your Library to get notified about new parts!

A Quiet HeartWhere stories live. Discover now