C

84 9 2
                                    

အကိုဟိုဆော့နဲ့ ကျွန်တော် ဖူဂျီတောင်ကနေပြန်ထွက်လာပြီးတော့ အဲ့အနီးအနားက ရေကန်ဆီဝင်ခဲ့တယ်

-ဂျီမင် သိလား ဂျပန်မှာလေ ဒဏ္ဏာရီ တစ်ခုရှိတယ်

သူက ရေကန်ထဲကို ကျောက်ခဲလေးတွေနဲ့ ပစ်ပေါက်နေရင်းက ပြောတယ်

-လူတိုင်းမှာ ကံကြမ္မာကဖန်တီးပေးထားတဲ့ ဖူးစာဖက်ဆိုတာရှိတယ်တဲ့ အဲ့ဖူးစာဖက်နှစ်ယောက်တွေ့တဲ့အခါ မမြင်ရတဲ့ကြိုးအနီလေးတစ်ချောင်းပေါ်လာပြီး သူတို့နှစ်ယောက်ရဲ့ လက်သန်းလေးတွေကို ရစ်ပတ်ပေးတယ်တဲ့.....ဂျီမင် ယုံလား

ကျွန်တော်ခေါင်းငြိမ့်ပြတော့ သူက ခပ်ပြုံးပြုံးသာ ကျွန်တော့်ကိုငေးကြည့်နေပါတော့တယ်

***ဆာဆူကို မပြေးနဲ့ ချော်လဲမယ်***

ကလေးမလေးတစ်ယောက် ရေကန်ဘက်ကို
ပြေးလာနေရင်း ချော်လဲပီးကျွန်တော့်ကို ဝင်အတိုက် အကိုဟိုဆော့ကလဲ လှမ်းအဖမ်း

-အ ဂျီမင် အဆင်ပြေရဲ့လား ဒီကကလေးမရော အဆင်ပြေရဲ့လား

-ဟိုက် တောင်းပန်ပါတယ်

မတ်တပ်ရပ်ပြီးကောင်မလေးထွက်သွားမယ်
အလုပ်

-Oh ခဏ ခဏ ကျန်နေခဲ့ပြီ

အဟိုဟိုဆော့ နာရီနဲ့ ကောင်မလေးနားကြပ်
ကြိုးလေးငြိနေခဲ့တာပေါ့ ဟင် ကျွန်တော့်လက်စွပ်နဲ့ရောပဲ

-ဟိုက် ကျေးဇူးတင်ပါတယ်

သူတို့နှစ်ယောက်ကို ငြိခဲ့တဲ့ နားကြပ်ကြိုးလေးက အနီရောင်လေးဖြစ်နေတာ သတိထားမိကြပါ့မလား

ဘယ်သူပြောနိုင်မှာလဲ သူတို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ကြိုးနီလေးရစ်ပတ်နေနိုင်တာပဲလေ

A Quiet Heart

-ဒါနဲ့ အကိုဟိုဆော့မှာ ချစ်သူမရှိဘူးလား

သူက ဆူရှီတွေဝါးနေရာက တစ်ချက်မော့ကြည့်ပြီး

-ထားချင်တာပေါ့ ကို့ကိုကြိုက်မယ့်သူမှမရှိတာ

ကျွန်တော်က ဆူရှီတစ်လိပ်ကို ဝါဆာဘိတွေနဲ့တို့နေရင်းက

A Quiet HeartWhere stories live. Discover now