B

113 10 3
                                    

-ကျွန်တော် ဒီနေ့အပြန်နောက်ကျမယ် ဂျီမင်အပြင်သွားချင်ရင်သွား

ဆိုဖာပေါ်မှာ မုန့်စားနေသော ကျွန်တော့်ကိုတစ်ချက်မကြည့်ဘဲ သူက အင်္ကျီကြယ်သီးတပ်နေသည်

-အကိုဒီနေ့studioကို မလိုက်ရဘူးလား

လက်ထဲက ပေါင်မုန့်တွေကို ပန်းကန်ထဲချလိုက်ရင်းသူ့ကိုလှမ်းကြည့်လိုက်သည်

-အင်း အလုပ်များမှာ ဂျီမင့်ကိုကြည့်နေနိုင်မှာမဟုတ်ဘူး

စားပွဲပေါ်က camera ကိုအိတ်ထဲထည့်ရင်း သူ့ခြေလှမ်းတွေက တံခါးဆီသို့ဦးတည်နေသည်

-ဂျောင်ကု...အကိုစိတ်ကောက်နေတာနော်

သူကတစ်ချက်လှည့်ကြည့်သည် ထို့နောက်
မျက်မှောင်ကြုတ်လျှက်

-ကျွန်တော့်ကိုပင်ပန်းအောင်လုပ်နေတာပဲ ဂျီမင်

ကော်ဖီခွက်ကို စားပွဲပေါ်ချရင်း သူ့ကိုစိုက်ကြည့်လိုက်သည်

-မင်းကလဲ ကိုယ်ချင်းမစာတတ်တဲ့လူပဲ ဂျောင်ကု

ထို့နောက် ရေချိုးခန်းထဲကို စောင့်အောင့်ပြီးဝင်လိုက်ကာ တံခါးကိုပဲ ဒုံးခနဲပိတ်ပစ်လိုက်သည်

သောက်ကျိုးနည်း ချစ်ဖို့ကောင်းတဲ့ချစ်သူ

A Quiet Heart

-ဂျီမင် ဒီနေ့ studio ကိုမလိုက်လာဘူးလား

အကိုဟိုဆော့က ကျွန်တော့်ကို ph ဆက်မေးနေခြင်းပင်

-ဟုတ်တယ် အကို ဂျောင်ကုနဲ့စိတ်ကောက်ပြီး နေခဲ့တာ

ထိုအခါ အကိုဟိုဆော့က ရယ်သည်

-ကလေးတွေလဲ မဟုတ်တော့ဘဲနဲ့ ဂျီမင်ရယ်
အဲ့လိုဆိုတော့ စိတ်ညစ်နေတယ်ပေါ့

သူက စသလိုလို နောက်သလိုလိုနဲ့ပြောတယ်

-ကလေးတွေမဟုတ်တော့လို့ပေါ့ အကိုရယ်

သက်ပြင်းရှည်ကြီးသာ ချလိုက်မိသည်

-ဟုတ်ပြီလေ ဒါဆို ကိုလာခေါ်မယ် ကို ဂျီမင့်ကိုပျော်အောင်လုပ်ပေးမယ် ဘယ်လိုလဲ

A Quiet HeartWhere stories live. Discover now