_5_

479 50 3
                                    

Akapan namart ဆိုတာ ထိုင်းအမျိုးသားတစ်ယောက်ပါ  စိန်တိုက်သူဌေးတစ်ယောက်ဆိုလည်း မမှားဘူးပေါ့လေ ပရဟိတလုပ်ငန်းအများစုမှာလဲ အဖွဲ့ဝင်ထားသေးသည့် စိတ်သဘောထားကောင်းလွန်းသူ

ဒါပေမယ့် ကျွန်တော်သူ့ကို ကြောက်တယ်
ကျွန်တော်နှင့် ပတ်သက်လာလျှင်တော့ ...

 ကျွန်တော့်ကို ချစ်မြတ်နိုးနေသော သူဟာ Hasoo ၏ ခင်ပွန်းလောင်း

************************

"နင်က ငါ့ဆီက အကုန်လုယူသွားတာ နင်က မကောင်းဆိုးဝါး "

" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး !!"

 ဘာတွေလဲ မအောက်မေ့ပါနဲ့ သခင်လေး Do kyungsoo ခေါ် အဂျစ် တစ်ယောက် ဈာန်ဝင်စားစွာနဲ့ ဇာတ်လမ်းတွဲ ထိုင်ကြည့်နေတာ ငဂျစ်ဆိုတာ ရစ်တတ်လွန်းတဲ့သူ့ကို ကျွန်တော်ခိုးပေးထားတဲ့ နာမည်ပြောင် ဟဲ

ဇာတ်ဝင်ခန်းကတော့ တွေ့ရမြဲဖြစ်နေကြ မက်းသားကို လုကြရင်း ပြောဆိုနေကြတာ

နောက်တော့  ငြင်းနေတဲ့တစ်ယောက်က စွပ်စွဲတဲ့တစ်ယောက်ကို  ကော်ဖီခွက်နဲ့ ပက်လိုက်လေရော

" ယုတ်မာလိုက်တာ "

" Chanyeol ssi ...တကယ်လို့  အဲ့ဒီ ကော်ဖီနဲ့ ပက်လိုက်တဲ့ တစ်ယောက်က ယောက်ျားလေးဖြစ်နေခဲ့မယ် ဆိုရင် ဘယ်လိုမြင်လဲ "

အူယားလောက်အောင် ခံပဲနေရတဲ့  မင်းသမီးအစား မမြိုသိပ်နိုင်အောင် အာမေဋိတ်ပြုမိတော့ ကျွန်တော့် ဘက်လှည့်ကာ တစ်ချက်ကြည့်ပြီး ရုတ်တရက် မေးလိုက်တဲ့ ထူးဆန်းတဲ့ မေးခွန်း

" အဓိပ္ပါယ်မရှိတာ တစ်ယောက်က ယောက်ျားလေးဖြစ်ရအောင် သူတို့ လုနေတာယောက်ျားလေးလေ ခင်ဗျ "

" တကယ်လို့ လို့ ပြောထားတယ်လေ တကယ်လို့ "

" တကယ်လို့ အဲ့လိုဆိုရင်တော့ အဲ့ ယောကျာ်းလေးက အောက်တန်းကျတာပေါ့ ခင်ဗျ ..မိန်းကလေးတစ်ယောက်ကို ထိခိုက်ပြီး မိန်းကလေးနဲ့အပြိုင် လုရတယ်ဆိုတော့
 သူအဆင့်မရှိတာပေါ့ ဗျ "

" ဟုတ်တယ်နော် "

ဘာကြောင့်မှန်းတော့မသိ ဒီနေ့ ငဂျစ်မျက်နှာက တည်ငြိမ်လွန်းနေသည် အရင်ရက်တွေကလို club လဲ မသွား ကျွန်တော့်ကိုလဲ အပြစ်မရှာ တစ်နေကုန် ဒီအခန်းထဲ အောင်းနေတာ ..ကျောင်းတက်ရတော့မှာမို့ လိမ္မာလာတာများလား ...

L.CWhere stories live. Discover now