အပိုင်း - ၁၂

Start from the beginning
                                    

ဟိန်းသူသည်အခက်အခဲများကြားမှဆုံးဖြတ်ထားရသည့်ဆုံးဖြတ်ချက်ကိုအတင်းဆုပ်ကိုင်ထားရသည်။ဟိဏ်းဆက်၏ခေါ်သံများသည်သူ၏ဆုံးဖြတ်ချက်ကိုလွှတ်ချမိအောင်လုပ်နေသည်။

"ကိုဟိန်း မသွားပါနဲ့"

ဟိဏ်းဆက်သည်နံရံကိုမှီကာထိုင်ချလိုက်သည်။မျက်ရည်များသည်လည်းတသွင်သွင်စီးကျလို့နေသည်။ဟိဏ်းဆက်၏အသံများသည်လည်းတဖြည်းဖြည်းဖြင့်တိမ်ဝင်လာသည်။

"ကိုဟိန်း မသွားပါနဲ့ဗျာ"

အသံသည်လည်းတဖြည်းဖြည်းအားပျော့သည်ထက်အား‌ပျောလာသည်။ဟိဏ်းဆက်သည်ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။နာရီလက်တံအတိုသည်‌လေးဂဏန်းသို့ရောက်ရှိ၍လက်တံအရှည်သည်ဆယ့်နှစ်သို့ထိုးနေပြီဖြစ်သည်။

"ထတော့"

အသံဩရှရှကိုကြားလိုက်ရသည့်အခါဟိဏ်းဆက်၏မျက်လုံးများသည်ပြူးသွားရသည်။

တကယ်ပဲအစ်ကိုလား။

"အစ်ကို!!!"

ဟိဏ်းဆက်သည်သူ၏အ‌ရှေ့တွင်မတ်တပ်ရပ်နေသောလူကိုမျက်ရည်များဖြင့်‌ငေးမော့ကြည့်လိုက်သည်။

"ကိုယ်ပြောထားတယ်လေ ၊ ညီ့ကိုလူတွေကြည့်နေတာကိုယ်မကြိုက်ပါဘူးလို့"

"အစ်ကို! တကယ်ပဲအစ်ကိုလားဟင်"

"ထတော့ ၊ ဘာလို့အဲ့လောက်တောင်အော်နေတာလဲ"

"အစ်ကို မသွားပါနဲ့ဗျာ ၊ ကျွန်တော်အစ်ကို့ကိုချစ်တယ် ၊ ချစ်တယ် အရမ်းချစ်တယ် ၊ အစ်ကိုပြန်မချစ်လည်းနေပါရပါတယ် ၊ ကျွန်တော်အစ်ကို့ကိုချစ်နေတယ်ဆိုတာလေးတော့သိထားပေးပါအစ်ကို"

"အရူးလေး! မင်းလုပ်လို့လေယာဉ်လည်းလွတ်သွားပြီ ၊ မင်းကကိုယ့်ခြေလှမ်းတွေကိုရပ်တန့်စေပြီးဆုံးဖြတ်ချက်ကိုနင်းချေပစ်လိုက်နိုင်တာပဲ"

"အစ်ကိုတကယ်သွားပြီထင်နေတာ ၊ မသွားသေးလို့တော်ပါသေးရဲ့"

"အခုမင်းကကိုယ့်တက်လမ်းတွေကိုပိတ်လိုက်တာဆိုတော့မင်းကအစ်ကို့ဘဝကိုတာဝန်ယူမှာလား"

"ယူမှာ ယူမှာ အပြည့်အဝတာဝန်ယူတယ်"

"အရူးလေး!"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now