အပိုင်း - ၁၁

Start from the beginning
                                    

"ရှင်!!! ဟုတ်ဟုတ်"

ကေသွယ်သည်လွယ်အိတ်ထဲမှဖုန်းကိုမြန်မြန်ထုတ်လိုက်ပြီးဟိဏ်းဆက်ဆီသို့ဖုန်းဆက်လိုက်သည်။

"အေး ကေသွယ်ပြော"

"အဆက် နင်ဘယ်မှာလဲ"

"ငါလား ၊ ငါ မြေနီကုန်းမှာ ဘာလို့လဲ ၊ ဘာမှာမလို့လဲ"

"ဘာမှမမှာဘူ ၊ ကိုဟိန်းကညနေ၄နာရီလေယာဉ်နဲ့တရုတ်ကိုသွားတော့မှာတဲ့"

"ဘာ!!!"

ဟိဏ်းဆက်နာရီကိုကြည့်လိုက်သည်။

"သုံးနာရီတောင်ထိုးတော့မှာပဲ"

ဟိဏ်းဆက်သည်လက်ထဲကအထုပ်တွေကိုစီနီယာတွေဆီကိုထိုးထည့်ပေးလိုက်သည်။

"အစ်ကိုတို့ ကျွန်တော်ကိစ္စရှိလို့သွားနှင့်တော့မယ်နော်"

ဟိဏ်းဆက်သည်ဆိုင်ထဲမှအပြေးထွက်လာပြီးတက္ကစီကိုတားလိုက်သည်။ရှိသမျှပွိုင့်အကုန်မိသည်။လေဆိပ်နားရောက်မှကားတွေကပိတ်ပြန်သည်။အချိန်သည်လည်းတဖြည်းဖြည်းကုန်လာသည်။

"ဦးလေး ဒီမှာပိုက်ဆံ"

တက္ကစီသမားကိုပိုက်ဆံပေးပြီးကားပေါ်မှအမြန်ဆင်းကာလေဆိပ်သို့ပြေးကာသွားသည်။

မဟုတ်ဘူးအစ်ကို။ကျွန်တော့်ကိုထားမသွားပါနဲ့။မသွားပါနဲ့အစ်ကို။ဟိုတစ်နေ့ကနောက်ဆုံးအနေနဲ့ကျွန်တော်နဲ့လျှောက်လည်ခဲ့တာလား။မဟုတ်ဘူး။မသွားပါနဲ့။အစ်ကိုဟိန်းကိုကျွန်တော်ချစ်တယ်။ဒီစကားကိုပြောချင်သေးတယ်။ကိုဟိန်းပြန်မချစ်ရင်နေပါ။ကျွန်တော်ကိုဟိန်းကိုချစ်တယ်ဆိုတာသိစေချင်တယ်။

ဟိဏ်းဆက်သည်လေဆိပ်ထဲသို့အသည်းအသန်ပြေးဝင်လာသည်။နာရီကြည့်လိုက်သည့်အခါသုံးနာရီခွဲကျော်နေပြီဖြစ်သည်။

ကိုဟိန်းဘယ်မှာလဲ။

ဟိဏ်းဆက်သည်လေဆိပ်သို့တစ်ခါမှမလာဖူးသည့်အတွက်လေဆိပ်ထဲတွင်လည်နေသည်။

"ကိုဟိန်း!!!"

ဟိဏ်းဆက်သည်မရှက်နိုင်တော့ပါ။ဟိန်းသူကိုသာအော်ခေါ်နေမိသည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now