Chapter (10)

804 44 10
                                    

Nick's P.O.V

ကျွန်တော် Yoရဲ့ လက်ကိုကိုင်လိုက်တော့တာ့ သူ့ရဲ့ညာလက်က ပတ်တီးနဲ့ စည်းထားတာကို တွေ့လိုက်ရတယ်။

"Yo, လက်ကဘာဖြစ်တာလဲ?

ဟုမေးရင်း Yoရဲ့ပတ်တီးစည်းထားတဲ့လက်လေးကို အနီးကပ်ကြည့်လိုက်သည်။ ဒါပေမယ့်Yoက သူ့ရဲ့လက်ကို ပြန်ရုတ်လိုက်ရင်း...

"ဒီ၂နှစ်အတွင်း ခင်များဘာဖြစ်ခဲ့တာလဲဆိုတာ သေချာပြောပြပါ။ ကျွန်တော့်ကို အကုန်ပြောပြ။"

"ကောင်းပြီ... Yoလိုချင်တာ ဖြေရှင်းချက်ဆိုရင် ကိုယ်ပြောပြမယ်။ ကိုယ်တို့နှစ်ပတ်လည်နေ့က တွေ့ခဲ့မိန်းကလေးကို Yoမှတ်မိသေးလား? တကယ်တော့ သူကကိုယ့်ဆရာဝန်ပါ။ ကိုယ်တို့ နှစ်ပတ်လည်နေ့ မတိုင်ခင် ၂လလောက်မှာ ဂျူတီဝင်နေရင်း ကိုယ်ရုတ်တရက် မေ့လဲသွားခဲ့တယ်။ ဆေးစစ်ချက်တွေထွက်လာတော့ ကိုယ့်မှာ Anaplastic astrocytoma(1.rare malignant brain tumor) လို့ခေါ်တဲ့ ရှားပါးတဲ့ ဦးနှောက်အမြှေးပါးကင်ဆာရောဂါအဆင့်၃ကို ရောက်နေခဲ့ပြီ။

ခွဲစိတ်ကုသမှုကို ခံယူရမယ်။ မင်းစိတ်ပူနေမှစိုးလို့ ကိုယ်မပြောပြခဲ့တာ။ Kitနဲ့ Beamတော့သိတယ်... ကိုယ်ဘဲသူတို့ကို လျှိ့ဝှက်ထားပေးဖို့ တောင်းဆိုခဲ့တာ။ ခွဲစိတ်မှုပြီးရင် ကိုယ်က အရာရာကို မေ့သွားဖို့ ဖြစ်နိုင်ခြေပို များနေတယ်။ အောင်မြင်ဖို့ကလည်း ၄၀/၇၀%ဘဲ ရှိတယ်။ ဒါကြောင့်မို့ကိုယ်မင်းကို မပြောပြခဲ့တာ။ ကိုယ်ကြောင့်မင်း ဝန်ထုပ်ဝန်ပိုးတစ်ခု သယ်ထားရသလို မဖြစ်စေချင်ခဲ့ဖူး။ ကိုယ့်လိုလူတစ်ယောက်ကို မင်းက အနစ်နာခံပြီး စောင့်ရှောက်နေရမှာကို ကိုယ်မမြင်ချင်ဘူး။ မင်းကိုယ့်ကို မုန်းသွားပြီး မေ့ပစ်လိုက်ပြီးဘဝသစ်တစ်ခုကို ပျော်ရွှင်စွာဆက်လျှောက် သွားဖို့ဘဲကိုယ် ဖြစ်စေချင်တာ။

ဒါပေမယ့် ကိုယ်ခွဲစိတ်ဖို့ အချိန်မရောက်ခင်အထိ ကိုယ်မင်းအနားတစ်ဝိုက်မှာဘဲ တိတ်တဆိတ်နဲ့ ရှိနေခဲ့တယ်။ ကိုယ်ခွဲစိတ်ခန်းဝင်တော့ Kitနဲ့ Beam စောင့်ပေးခဲ့တယ်။ ကိုယ်ပြန်သတိရလာတဲ့အချိန်မှာ ကိုယ်ဘာတစ်ခုမှကို မမှတ်မိခဲ့ဘူး။ Beam နဲ့Forthက ကိုယ်ကို စောင့်ရှောက်ပေးခဲ့ပြီး ပြန်မှတ်မိလာအောင် ကြိုးစားပေးခဲ့ကြပေမယ့် တိုးတက်မှုမရှိခဲ့ဘူး။ ၂နှစ်ကြာပြီးသွားတော့ Forthကဘဲ ကိုယ့်ကို မင်းကုမ္ပဏီက လုပ်တဲ့မော်ဒယ်လ်ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တာ။ ဘာကြောင့်မှန်း အဲ့အချိန်က ကိုယ်နားမလည်ခဲ့ဘူး။

You've reached the end of published parts.

⏰ Last updated: Mar 07, 2019 ⏰

Add this story to your Library to get notified about new parts!

နောက်ဆုံးအနမ်း (The Last Kiss) Where stories live. Discover now