Wayo's P.O.V
ကျွန်တော် အိပ်ရေးပျက်တဲ့ညတွေမှာ ဗီတာမင်သောက် တယ်ဆိုတာကို သူကဘယ်လိုလို့ သိနေရတာလဲ?? သူဘယ်သူလဲ?? P'Phaလား??? ဒါပေမယ့် သူကP'Pha ဆိုရင်ဘာလို့ ကျွန်တော့်ကို မသိချင်ယောင်ဆောင် နေရတာလဲ??
ဟား....မင်းဘာတွေတွေးနေတာလဲ Yo!! သူကဘယ်လိုမှ P'Phaမဖြစ်နိုင်ဘူး... သူတို့၂ယောက်ပုံစံက လုံးဝကိုခြားနားနေတယ်လေကွာ.... ပြီးတော့ အဲ့ဒီတက်တူးတွေ မင်းP'Phaဆီမှာမှ မရှိတာ... သူကP'Phaမဟုတ်ဘူးနော် Yo... Okay... အခုမင်းရဲ့ ရူးကြောင်ပေါကြောင် အတွေးတွေကို ခေါက်ထားလိုက်တော့.... တစ်ယောက်ထဲ အတွေးနယ်ထဲ လွင့်မျောနေတုန်း P'Firstဆီက ဖုန်းခေါ်သံက ကျွန်တော့်ကို ပစ္စုပ္ပန်ကိုပြန်ခေါ်လာပေးခဲ့တယ်...
"ဟယ်လို P'..... ဘာကိစ္စရှိလို့လဲ?"
"အော်... ငါအခု သူငယ်ချင်းတွေနဲ့ Fantasyဘားရောက်နေတာ.... ပဲ့တာမင်းကော လာမလားလို့ လှမ်းမေးတာ"
"လာခဲ့မယ် P'... ကျွန်တော် နောက်၁၀မိနစ်လောက် နေရင်ရောက်မယ်.... see you"
ဟုတ်တယ်.... စိတ်ရှင်းသွားအောင် P'Firstတို့နဲ့ သွားသောက်လိုက်တာဘဲ ကောင်းတယ်ဗျား... ကျွန်တော် ဘားထဲရောက်တာနဲ့ P'First က လက်ယမ်းပြနေတာကို တွေ့လိုက်ရတယ်... ကြည့်ရတာ သူကျွန်တော်ရောက်လာမှာကို စောင့်နေပုံရတယ်..... ကျွန်တော်လည်း သူတို့ထိုင်နေတဲ့ဘက်ကို လျှောက်သွားလိုက်တယ်...
"ဆောရီး P'... ကျွန်တော်နောက်ကျသွားတယ်..... "
"ရပါတယ်ကွား... N'Yo..... ဒါP'သူငယ်ချင်း Phunနဲ့ Noh......"
"Hi... P'တို့.. တွေ့ရတာဝမ်းသာပါတယ်...."
"Hi.... nice to see you too Nong"
ကျွန်တော်တို့ ရယ်ရယ်မောမောနဲ့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်နေတုန်းမှာ အနောက်ကနေ တစ်စုံတစ်ယောက် စိုက်ကြည့်နေတယ်လို့ ခံစားလိုက်လို့ ကျွန်တော် ချက်ချင်းလှည့်ကြည့်လိုက်တော့ ဘယ်သူ့မှ ရှိမနေဘူး..... ကျွန်တော်ဘဲ စိတ်ထင်နေလို့နေမှာပါ......
"Yo, P'မင်းကို ပြောစရာရှိလို့"
ပြောပြီး P'First လူတွေကြားကနေ ကျွန်တော့်လက်ကို ဆွဲပြီးလူတွေနည်းပြီး တိတ်ဆိတ်တဲ့ ဘားထောင့်ဘက်ကို ဆွဲခေါ်သွားခဲ့တယ်.....
YOU ARE READING
နောက်ဆုံးအနမ်း (The Last Kiss)
Fanfiction3rd anniversaryနေ့မှာ ချစ်သူကအကြောင်းပြချက် မခိုင်မလုံနဲ့ထားသွားပြီးတဲ့နောက် ချစ်စရာကောင်းတဲ့ ကောင်လေးကနေ အရာရာပြောင်းလဲသွားပြီး အေးစက်သွားခဲ့တဲ့ ကောင်လေး (Wayo) နဲ့ လျှို့ဝှက်တဲ့အကြောင်းပြချက်ကြောင့် ချစ်သူကိုထားခဲ့ရတဲ့ ဒေါက်တာ(Pha) တို့နောက်ပိုင်း...