အတွေးတွေထူပူးရင်းအိပ်ယာကအခုထိမထသေးတဲ့ ထယ်ယောင်း အခု ဘယ်အချိန်ရှိပြီလဲဆိုတာတောင် သတိမထားမိသေး . .
''ငထယ် . . ဟျောင့် မင်းနိုးနေတာကို ဘာလို့မထသေးတာလဲ . .''
ဖျက်ခနဲ ဆိုသလို အတွေးတွေတစ်စစီကွဲထွက်သွားအောင်လုပ်လိုက်တဲ့ ညှောင်သေးသေး အသံပိစိလေး . .လှည့်ကြည့်လိုက်တော့ . .သူ့ဘေးနား လာထိုင်ပြီး လှုပ်နှိုးနေတဲ့ Jimin . .
'' ငါအခုမှနိုးတာ . .မင်းကော? ကျောင်းမသွားဘူးလား Jimin ''
'' ငါ သွားပြီ ပြန်လာတာလေ . .အချိန်လဲကြည့်ဦး နေ့လည် 1နာရီရှိပြီကွ . .မင်းကိုက သေနေတာ . .''
''Aww . .အချိန်တွေမြန်နေတာဖြစ်မယ် . . ''
''အချိန်းပဲမြန်နေတာလား မင်းကပဲ အသေကြာနေတာလား . .မစဉ်းစားတတ်ဘူး . .''
' ' jimin . .ငါအိမ်ပြန်မလို့ . .မင်းလိုက်ဦး ..''
''ဟမ် . .ငါက ဘာလို့. . . ??''
ခေါင်းတစ်ခါခါနဲ့ငြင်းနေပေမယ့်လဲ မလွဲသာ . . .သူငယ်ချင်းဆိုလို့ ဒီကောင်ပဲရှိတာပဲ . .မကူညီပြန်ရင်လဲ ဘယ်ဖြစ်မလဲ . .
>>>>>>>>><<<<<<<<<<
Coffee ဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။ ဂျွန်းဂျောင်ကွတ်နဲ့ မင်ယွန်းဂီ အတန်းလစ်ပြီး စကားထိုင်ပြောနေသည်မှာ အတော်ကြာလေပြီ . . . မနက်ထဲကထွက်လာပြီးပြောတာ အခုဆို နေ့လည်2နာရီ တောင်ထိုးလေပြီ . . .
'' တကယ်လား . .မင်း အဲ့ကောင်နဲ့တကယ် ဆက်ဆံခဲ့တာလား ''
''ဟေျာင့် Min Yoon gi ဆိုတဲ့ကောင်က မဟုတ်ပဲ ပြောတတ်တဲ့ကောင်မဟုတ်ဘူး . .အဲ့နေ့ကလဲ အဲ့ကောင်လေးက အရင်လာဆွတာ . ''
'' သူက ဘာလို့မသိတာလဲ . .?''
''အဲ့နေ့က သူမူးနေတာ . . Club မှာတွေ့တော့ ငါ့ကိုပြသာနာရှာတယ် . .သူ့ကို ငါက အိမ်ခေါ်ပြီး ဘာညာ ဘာညာ လုပ်ရလားပေါ့ကွာ . .ဟိုတနေ့က မင်းနဲ့ငါ ကျောင်းမှာ သန့်စင်ခန်းသွားတော့ အဲ့ကောင်ကိုငါစခဲ့တာလေ . .အဲ့ဒါ တကယ်ထင်ပြီး ပြသာနာရှာတာ . .ပြီးတော့ငါအိမ်လိုက်လာတယ် . .ဟိုရောက်တော့အတင်းငါ့အခန်းထဲဝင်ပြီး အကျီ ၤချွတ်ပြီး မင်းကိုငါ ပြန်လုပ်မှကေျနပ်မယ်ဆိုပြီး . . . အဲ့မှာ စဖြစ်တာ . .''
Part-14
Start from the beginning
