(Zawgyi code)
Gucci House အိမ်ကြီး၏ အစိမ်းရောင်မြက်ခင်းပြင်ပေါ်ဝယ် ယုန်ဖြူလေးများ ပြေးလွှားနေကြသည် ....ထိုယုန်လေးများကြားထဲ shirt အဖြူရောင်လေးကိုရင်ဘတ်က sticker စာလုံးလေးများပါသောအင်္ကျီကိုဝတ်ဆင်ထားပြီး ဘောင်းဘီအနက်ရောင် ဒူးဖုံးလေးနှင့် လေတိုးလိုက်တိုင်း ဝေ့ဝဲသွားတတ်တဲ့ ဆံပင်ခပ်အုပ်အုပ်လေးများကို ထိပ်မှာစုချည်ထားပြီး ပါးစပ်မှ ပွစိပွစိ ရေရွတ်ရင်း နှုတ်ခမ်းထော်နေသူလေးဟာ ဒီအိမ်ရဲ့ ရင်နှစ်သည်းချာ အဖိုးတန်ရတနာလေးဖြစ်တဲ့ kim tae hyung လေးပင်😍 .......
" Omo ..... ငါ့ mi mi လေး .... ဘယ်တုန်းက ဗိုက်ရသွားတာလဲ...."
" လာပါဦး .... oppaစီလာပါဦးမီးလေးရယ် ..."
"ဟာာာာာာ........ထွက်မပြေးနဲ့လေ...mi mi ....."
Tae hyung တျောက် သူ့ရဲ့ sunday ပိတ်ရက် ကို ယုန်စစ်ဆေးရေး လုပ်နေခြင်းဖြင့် အကျိုးရှိရှိ အသုံးချနေခြင်းဖြစ်သည်😂 ... အိမ်ထဲရှိ Mr.kimနှင့် Ms.kim တို့ကတော့ ကာထားတဲ့မှန်မှတဆင့် ယုန်များနှင့်စိမ်ပြေးလိုက်တမ်းကစားနေသောသူတို့ရဲ့ tae taeလေးကိုကြည့်ကာ သဘောတကျနဲ့ရယ်မောနေကြလေတယ်......Gucci House ရဲ့ ဆည်းလည်းလေးဖြစ်သော tae tae လေးမှာတော့ မိသွားတဲ့ ယုန်မလေးရဲ့ ဗိုက်ကို သေချာကိုင်ကြည့်နေလေတယ်....ပြီးတော့သူ့ရဲ့မဟာ ခန့်မှန်းမှုကြီးဖြစ်တဲ့ အဖြေရလဒ်ကို အားရဝမ်းသာစွာ ထအော်လေတော့တယ်....
"Innn....ဒီလောက်ကြီး ပူနေမှတော့ ....အမွှာပြူးပဲဖြစ်မှာ😂"
Sunday ပိတ်ရက်မှာ အပြည့်အဝအနားမယူနိုင်တဲ့jeon jung kook တျောက်မှာတော့ ဘူဆန်ရှိ Hotel အသစ် ဆောက်လုပ်ဖို့အတွက် Mr.jeon နှင့်အတူ မြေနေရာဝယ်ဖို့ရာအရောင်းအဝယ် စာချုပ်ချုပ်ခြင်းကိစ္စ များအား အတွေ့အကြုံ ရရန်ဟူသော Omma ရဲ့ အကြံပြုချက်ကြောင့် စိတ်မပါသော်လည်းသူ့appa ဘေးမှာငြိမ်လျှက်
လိုက်ပါလာသည် . . . .မိဘတွေရဲ့သားသမီးအပေါ်ထားရှိတဲ့တော်စေတတ်စေချင်လွန်းတဲ့ လောဘတွေက
တခါတလေကျတော့ သားသမီးတွေအတွက် လှောင်အိမ်ထဲထည့်ထားတဲ့ ငှက်တကောင်လို ခံစားရစေတယ် ဆိုတာ သိပါလေစ . . . . .. .
- - - - - - - - - - -
လူချမ်းသာများသာ တက်ရောက်နိုင်တဲ့ ညနေခင်း party ပွဲတခု . . .ပွဲအတွင်းသာယာတဲ့တယောသံတွေဟာပျံ့လွင့်လျက် . . ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နဲ့.အမျိုးသမီးတွေရဲ့ ဂါဝန်ရှည်ကြီးတွေဟာညနေခင်းparty ရဲ့ အမှတ်အသားပင် . . . .
