(Zawgyi code)
'' ကျွန်တော် Ji Hyunကို သဘောကျတယ် အဖေ ''
ငြင်းဆန်တယ်ဆိုတာထက် မျော်လင့်ချက်သဲ့သဲ့လေးရှိနေတဲ့ အမေရဲ့ခံစားချက်ကိုဖြည့်ဆည်းပေးဖို့က ကျွန်တော့်ရဲ့အလုပ်လေ ။ အမေ့ရဲ့ခံစားချက်ကို နားလည်ပေးနိုင်တယ်။ ကျွန်တော်ဒီနေ့ထိထင်နေခဲ့တာက ကျွန်တော်တို့မိသားစုက စီးပွားရေးအများအစားရှိပြီး ကြီးကြီးတက်ချမ်းသာနေတဲ့သူဠေးတွေဆိုပြီးတော့ပေါ့ ။ အဖေက တစ်စက္ကန့်လောက်နဲ့ငွေကိုမီလီယမ်နဲ့ချီပြီးရတဲ့လူလို့ထင်မိတုန်းဆိုတာလဲမမှားပါဘူး😅 ဒါတွေကို သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်ရင် . . .ပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်တော်ဆိုတဲ့ကောင်က ဘယ်နေရာမှသုံးစားမရပဲဆိုးသွမ်းနေတဲ့ လူပိုတစ်ယောက်ဆိုတာသိခဲ့ရတယ် ။
အခုချိန်မှာ ဘာတစ်ခုမှမလုပ်ပေးနိုင်ပေမယ့် မိဘရဲ့ဆန္ဒလေးကိုတော့ ကျွန်တော်ရအောင်ဖြည့်ဆည်းပေးနိုင်မှာပါ ။အရင်ကလိုကလေးဆန်လို့မဖြစ်တော့ဘူးဆိုတာကို နားလည်လာတယ်။ရင့်ကျက်ဖို့အချိန်တန်နေတာ ကြာခဲ့ပြီမဟုတ်လား ။
မထင်မှတ်တဲ့ကိစ္စတွေကြောင့် အခုချိန်မှာ Tae hyungဘာမှမစဉ်းစားချင်တော့။ အခုချိန်မှာ သူ့အတွက်လွတ်လမ်းဆိုတာကမရှိဘူး ။သူလျောက်ရမယ့်လမ်းက တစ်လမ်းထဲ ကြမ်းတမ်းတဲ့ဒီလမ်းကိုသူဖြတ်ကျော်တဲ့အချိန်ကြာလာရင် ယဉ်ပါးသွားမှာပါ လေ။တစ်နေ့ ဒီလိုအမှောင်ထုထဲရောက်မယ်ဆိုတာကို ကြိုသိခဲ့ရင် ကျွန်တော်အဲ့လောက်ဆိုးသွမ်းနိုင်မယ်မထင်ဘူး ။
ဲ့ မိဘတွေအရှေ့မှာအပြင်ပိုင်းမျက်နှာချိုသွေးနေပေမယ့်လဲ ရင်ဘတ်ထဲမှာတော့ ဗလောင်ဆူလောက်အောင်မီးကျွမ်းနေတယ်ဆိုတာကို ထုတ်ဖော်မပြခဲ့တဲ့ Tae Hyung ရဲ့အမူအယာက အရမ်းသရုပ်ဆောင်ကောင်းလွန်းတဲ့ မင်းသားတစ်ယောက်လို . .။ဘာတစ်ခုမှ မသိတဲ့ကလေးတစ်ယောက်လို နှံချာချာစတိုင်လုပ်ရင်း အဖေဖြစ်သူဘေးသို့ကပ်ထိုင်ကာ
