'' ထားတော့ . .ငါတို့ပြန်သင့်ပြီ . .အိမ်က အဖိုးကြီး အခုလောက်ဆို ငါ့ကိုပြောဖို့ အိမ်မှာစောင့်နေလောက်ပြီ . .''
'' အဲ့တော့ . .!! မင်းဆိုတဲ့ကောင်လဲ လွတ်လပ်တဲ့အချိန်ကိုမရှိဘူး . .''
''Shittt . .အဲ့ဒါငါ့ဘဝပဲ . . သူတို့သဘောကျတာပဲ လိုက်လုပ်နေရတာ မင်းသိပါတယ် . .''
Yoongi တစ်ယောက် Jung kook ရဲ့ပခုံးကို ခပ်ဖွဖွပုတ်ပြီး . .
'' အေးဆေးပေါ့ကွာ . .တစ်နေ့လောက် စိတ်လွတ်ကိုယ်လွတ်ကဲတာပေါ့ . ''
''အေး ကြာလာတော့ နေကိုမနေချင်တော့တာ . .''
'' aww . .ဒါနဲ့ . .ထယ်ယောင်းက စေစပ်တော့မယ်ဆို ?''
'' အဲ့သတင်းအမှန်ဆိုရင် . .ငါသဘောမကျဘူး . .''
'' သဘောမကျတော့လွယ်ပါတယ်ကွာ တစ်ခါထဲ ကားတင်ပြေး . .''
'' ငါမလုပ်ရဲဘူးလို့မင်း ထင်နေတာလား? ''
'' အဲ့ဒါမင်းအပိုင်း . .မင်းကြိုက်နေရင် လုပ်ပေါ့ . ဟျောင့် မင်းသိထားဖို့က အချစ်မှာ မျက်လုံးမပါဘူးတဲ့ . . . အဲ့တော့ အထီးအမခွဲနေစရာမလိုဘူး လုပ်စရာရှိတာ ဆက်သာလုပ် ''
'' ငါဆိုတဲ့ကောင်ကလဲ မရရတဲ့နည်းနဲ့အဲ့ ကောင်လေးကိုသိမ်းပိုက်ပြမယ် . . အဲ့ဒါကိုမင်းစောင့်ကြည့်နေလိုက် . .''
'' ဟုတ်ပါပြီ . . အခုတော့ဒိုးမယ် မင်းဘိုးတော်ကြီး စောင့်နေဦးမယ် .''
''Hk . .စောင့်စမ်းပါစေကွာ ငါအိမ်မှာနေကိုမနေချင်တော့တာ . .''
'' အိမ်မှာမနေလဲကွာ မင်းဘိုးတော်ကြီးမင်းကိုဝယ်ပေးထားတဲ့ ကွန်ဒိုခန်းတွေဒီလောက်ပေါတာ သွားနေပေါ့ .''
''ဟျောင့် သူဝယ်ပေးမှတော့ သိမှာပဲလေ . .ငါနေချင်တာ အဝေးဆုံးနေရာ . .ထားတော့ကွာ bye ငါဒိုးပြီး နောက်မှတွေ့တာပေါ့ ''
''Ok . .''
>>>>>>>><<<<<
အကယ်၍စေ့စပ်ပွဲသာဖြစ်လာခဲ့ရင် ဟိုကောင်ပြောသလိုပဲ လုပ်သင့်လား . . ကလေးဆန်နေလဲ နားမလည်ဘူး . . Jeon jung Kookဆိုတဲ့ကောင်က လိုချင်တာကို မရရအောင်ယူတတ်တဲ့ကောင်ဆိုတာကို မင်းသိစေရမယ် ထယ်ယောင်း . . .
Part-14
Mulai dari awal
