အပိုင်း - ၄

Start from the beginning
                                    

"ဟုတ်ပြီ ရစေရမယ်"

အန်တီကြီးထွက်သွားတော့မှကေသွယ်သည်ဟိဏ်းဆက်အနားသို့ကပ်ပြီးထပ်၍မေးပြန်သည်။

"ဟဲ့ နင်အဲ့အကိုကိုတကယ်မကြိုက်ဘူးလား"

"မကြိုက်ပါဘူးဆိုကေသွယ်ရာ ၊ သူ့ပုံစံကမိုက်တော့ကြွေမိရုံလေးပါ"

ကေသွယ်သည်ဟိဏ်းဆက်ကိုမယုံသည့်အကြည့်မျိုးဖြင့်ကြည့်နေပြီးစိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

ငါ့မျက်လုံးတွေကိုနင်ညာလို့မရဘူး။နင်ကြိုက်ကိုကြိုက်တယ်အဆက်။ငါကိုယ်တိုင်အောင်သွယ်ပေးမယ်။ငါကိုရီးယားကားတွေကြည့်ထားတာအလကားမဖြစ်စေရဘူး။

"ဟဲ့ ဘာလို့စိုက်ကြည့်နေတာလဲ ၊ ဘာလဲ ငါ့ကိုကြွေသွားတာလား ၊ ငါချောမှန်းငါသိပါတယ် ၊ အဲ့လောက်စိုက်မကြည့်နဲ့"

စားပွဲပေါ်ကတစ်ရှူးဘူးလေးကဟိဏ်းဆက်ခေါင်းကိုပြေးနမ်းတော့သည်။

"ဂွက်"

"အာ့!!! နာတယ် မသာမရဲ့ လက်မပါလို့မရဘူးလား"

"အေးလေ လက်မပါဘူးလေ ၊ ပစ္စည်းပဲပါတာ"

"မျောက်မ"

"ဘာ!!!"

ထိုရန်ပွဲက စားစရာတွေလာချတော့မှရပ်တန့်သွားတော့သည်။ဟိဏ်းဆက်နဲ့ကေသွယ်အတန်းထဲပြန်ဝင်လာသည့်အခါစီနီယာအစ်ကိုအချို့အခန်းထဲတွင်ရောက်နေသည်။အားလုံးက ရှပ်အင်္ကျီအဖြူနဲ့ပုဆိုးအနီကိုဝတ်ဆင်ထားကြသော်လည်းတစ်ယောက်သောသူကတော့ရှပ်အင်္ကျီအနက်နဲ့ပုဆိုးအနီကိုဝတ်ဆင်ထားသည်။ထိုသူသည်အခြားသူမဟုတ်ဟိန်းသူဖြစ်သည်။ဟိဏ်းဆက်သည်နေရာတွင်ဝင်ထိုင်လိုက်ပြီးစတိတ်စင်ပေါ်ရပ်နေတဲ့သူတွေကိုလှမ်းကြည့်လိုက်သည်။ဟိန်းသူကိုတွေ့လိုက်ရသည်။

ဟိုရေခဲတုံးကြီးပဲ

"ညီလေးတို့ညီမလေးတို့အားလုံးပဲမင်္ဂလာပါနော် ၊ အစ်ကိုတို့အားလုံးကECတွေပါ ၊ အစ်ကိုတို့က မင်းတို့အတွက်ECလာရွေးပေးတာပါ ၊ ကဲ အခုမဲပေးကြမယ်နော် ၊ အခုအကိုတို့ပေးတဲ့စာရွက်ကလေးပေါ်မှာ ကိုယ်ပေးတဲ့လူရဲ့နာမည်ကိုရေးပေးရုံပါပဲ ၊ နာမည်မသိရင်မေးနော် ၊ အစ်ကိုတို့မေးပေးမယ်"

ချစ်ရ​ပါသော"ညီ"Where stories live. Discover now