အပိုင်း - ၃

Beginne am Anfang
                                    

ကျော်စွာ - ငါ့ဘာသာငါဗူးတာလေ မင်းနှာခေါင်းငှားဗူးလို့လား

Groupထဲမှာ ရန်ဖြစ်နေကြတာမပြီးနိုင်မစီးနိုင်ကို ဟိန်းသူကထိုင်ကြည့်နေမိသည်။တော်တော်မလွယ်တဲ့ဟာလေးတွေပဲ။
ဟိန်းသူလိုင်းပိတ်ဖုန်းပိတ်ပြီးအိပ်လိုက်တော့သည်။

ဒီနေ့ ဟိဏ်းဆက်တို့တက်ကြွတဲ့ကြက်ဖဖြစ်နေသည်။မနက်၆နာရီလောက်ကတည်းကအိပ်ရာထကာ ရေချိုးပြီးအခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ဖေဖေနဲ့မေမေကမျက်လုံးအပြူးသားနဲ့ကြည့်နေသည်။

"သားအဲ့လောက်တောင်ခန့်သွားလား"

"ဟားဟား မေကြီးရေ သားကတော့ အထူးအဆန်းတွေလုပ်နေတယ် ထီထိုးဟ"

"ဟုတ်ပ လမ်းထိပ်ကထီဆိုင်ဖွင့်ရင်သွားထိုးရမယ်"

"မေမေတို့ကလည်း ဒီနေ့ကျောင်းတက်ရမှာမို့လို့စောစောထတာလေဗျာ ၊ အဲ့လောက်တောင်ထူးဆန်းသွားတာလား"

"ထူးဆန်းတယ် ၊ ဆန်းတာမှအကြီးကြီးငယ်လေးရဲ့"

မီးဖိုချောင်ထဲကနေ ဟိဏ်းဆက်၏အမဖြစ်သူမေဖူးထွက်လာသည်။

"မကြီးကလည်းဗျာ မကြီးရောကျောင်းမသွားဘူးလား"

"ငါလား ငါက နောက်တစ်ပတ်မှတက်မှာ ဒီနေ့ကျောင်းတက်တာနင်တို့အပြင်ဘယ်သူမှရှိမှာမဟုတ်ဘူး"

"ကဲပါဖူးဖူးရယ် ပြောမနေပါနဲ့ ၊ သမီးမောင်ကအရမ်းကိုတက်ကြွနေတာ သွားပါစေ"

"ဟုတ်ကဲ့ပါမေမေရယ် သမီးမတားပါဘူး"

"အတိုင်အဖောက်ကိုညီလို့ ၊ တော်ပြီ သားမုန့်စားပြီးသွားမယ်"

"သွား ၊ နောက်ဖေးမှာသားကြိုက်တဲ့ ကြက်သားပလာတာလုပ်ထားတယ်"

"အိုမို! ဂျင်ဂျား! ရှဲရှဲ မေမေ"

ဟိဏ်းဆက်ကလိုင်းစုံပါသည်။ကိုရီးယား ၊ တရုတ် ၊ ထိုင်း ၊ BL ၊ ကာတွန်း ထွက်သမျှဇာတ်လမ်းအကုန်ကြည့်သည်။

ဟိဏ်းဆက်ကျောင်းထဲသို့ရောက်လာသည်။ကျောင်းထဲကိုဝင်လာသည်နှင့်ဖုန်းကိုမိုးပေါ်သို့ထောင်ထားရသည်။

"အူးဝါး လိုင်းလည်းမမိဘူး ၊ ငါငိုနေပါပြီနော်"

"လိုင်းမမိ၍နာကျင်နေသောချိဖလေး"

ချစ်ရ​ပါသော"ညီ"Wo Geschichten leben. Entdecke jetzt