"ငါပြောပြမယ် ကောင်းဆက် ဘာမဟုတ်တဲ့ ကြွေခွက်လေး တစ်ခွက်ကြောင့် ငါမြတ်နိုးရတဲ့ လူသားတွေကို နေရခက်တာမျိုးမဖြစ်စေချင်ဘူး ပြီးတော့ ဒီခွက်က ကွဲသွားလဲ ပြန်ဝယ်လို့ရနေတာပဲလေ မဟုတ်ဘူးလား မင်းက ပြန်ဝယ်လို့မှမရတာ........"
"အေးပါကွာ....မင်းကအရမ်းသဘောကောင်းတာပဲ ဟီးဟီး "
" မင်းအိပ်တော့လေ ကုတင်ပေါ်တက်ပြီး ငါ့ကိုလိုက်ကြည့်မနေနဲ့ "
"ဒါဆို ငါအိပ်ပြီနော် Goodnight"
"အေး Goodnight Have a sweet dream "
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
"မင်းကိုငါ ဘယ်နခါပြောရမလဲ ဆူးခတ် "
"ကိုကို့ကို ဆူးခတ် ဘယ်လောက်ချစ်လဲဆိုတာ ကိုကိုသိရဲ့သားနဲ့ ပြီးတော့ လူကြီးတွေ အကုန်လုံးကလဲ သဘော....."
"တိတ်စမ်း....Arr ..ဆက်မပြောနဲ့ ငါမင်းကို တစ်ခုထဲပြောလိုက်မယ် ငါ....မင်း....ကို.....လက်...မ...ထပ်....နိုင်...ဘူး...."
တစ်လုံးချင်းစီကို ပီပီသသပြောလိုက်တဲ့ အာကာ့ စကားတွေက ဆူးခတ်ရဲ့ နှလုံးသားကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနေသလိုပင် ဆူးခတ် သူအာကာ့ကို အရမ်းချစ်တာပါ ငယ်ငယ်လေး တည်းက ချစ်နေခဲ့တာ ကံကောင်းချင်တော့ အာကာနဲ့ ဆူးခတ်ကို နှစ်ဖက်မိဘတွေက ငယ်ငယ်လေးထဲက စေ့စပ်ထားပေးပြီး အခု ကျောင်းပြီးရင် လက်ထပ်ပေးကြမယ်ဟု စီစဉ်ထားခြင်းပင် သို့သော် အာကာက ဆူးခတ်ကိုသဘောမကျ ရှိတယ်လို့ကိုမထင်တာ ဘာလို့လဲဆိုတော့ အာကာက Gayတစ်ယောက်လို့သူ့ကိုယ်သူ ခံယူထားပြီး ငယ်ငယ်လေးတည်းကအရိပ်တကြည့်ကြည့်နဲ့ချစ်လာခဲ့ရတဲ့ကောင်းဆက်ရှိနေလို့ပါ ...... ကောင်းဆက်က အာကာ့ကိုမမှတ်မိလောက်ပေမဲ့လို့ပေါ့.......
"ကိုကိုးရယ်... ဆူး....ဆူးဖက်ကိုလဲ...... တစ်ချက်လောက်...... လှည့်ကြည့်ပါဦးလား........ 😭ဟိုးငယ်ငယ်လေးထဲကနေ အခုချိန်အထိ ကိုကိုးတစ်ယာက်ထဲကိုပဲကြည့်ပြီး နေလာရတာပါ....... "
Part-3
Start from the beginning
