Part 1

183 17 3
                                        

"​မင်္ဂလာပါ ခင်​​ဗျ ရှိုင်းမင်းထက်​​အောင်​ လို့​ခေါ်ပါတယ်​ ​ရှေ့​လျှောက်​ အကူအညီ ​တောင်းပါတယ်​ "

ဟုတ်​ကဲ့ ကျွန်​​တော့်​ နာမည်​ကရှိုင်းမင်းထက်​​အောင်​ ပါ ရန်​ကုန်​က​နေ ​တောင်​ကြီးမှာရှိတဲ့ Universe ဆိုတဲ့ ​ကျောင်းကြီးကိုလာတက်​တာ​လေ ​ဖေ​ဖေနဲ့ ​မေ​မေရဲ့ ​စေခိုင်းမှု​ကြောင့်​​ပေါ့ ကျွန်​​တော်​က​အရင်​​ကျောင်းမှာ အမြဲတမ်း roll 1 ဖြစ်​​နေတာ​ကြောင့်​ Bခန်းမှာ​နေရတာတဲ့ ကျွန်​​တော်​သိချင်​တာက A ခန်းကဘယ်​လိုလူ​တွေ​နေရတာလဲဆိုတာပဲ ကျွန်​​တော့်​ ကစာ​တော်​ရဲ့သားနဲ့ B ခန်းမှာ​နေရတာ နဲနဲ​တော့ ​​အောင့်​သက်​သက်​ဖြစ်​သား​ဗျ ထားပါ​တော့​ဗျာ ဆယ်​တန်းစာဆိုတာ ကျွန်​​တော့်​အတွက်​ လွယ်​ကူပါတယ်​ ကိုးတန်းနှစ်​ဝက်​​လောက်​တည်းက​နေ ဆယ်​တန်းစာကြိုလုပ်​ထားရပြီး ​နွေရာသီတည်းက သင်​ခန်းစာ​တွေအကုန်​ပြတ်​ပြီးပြီဖြစ်​တဲ့ ကျွန်​​တော့်​အတွက်​ ဒီနှစ်​မှစာစလုပ်​တဲ့ သူ​တွေ​လောက်​​တော့မခက်​ခဲပါဘူး

"သား ဟို ညာဘက်​​ထောင့်​စွန်းက ပြတင်း​ပေါက်ေ​ဘးကခုံမှာထိုင်​လိုက်​​နော်​ "

" ဟုတ်​ကဲ့ပါ Teacher"

"ကဲ သားတို့သမီးတို့ စာကျက်​ထားကြ​နော်​ ဆရာမက အစည်းအ​ဝေး ခဏသွားရမှာမို့လို့ "

" ဟုတ်​ကဲ့ပါ "

ကျွန်​​တော်​လည်း ဆရာမမှာခဲ့တဲ့အတိုင်း စာလုပ်​​ဖို့ ကျွန်​​တော်​အကြိုက်​ဆုံး ဘာသာရပ်​တစ်​ခုဖြစ်​တဲ့ သင်္ချာ ​မေးခွန်း​ဟောင်းစာအုပ်​ထုတ်​လိုက်​တယ်​ နဲနဲခက်​တာ​တွေကို​ရွေးတွက်​ရမယ်​​လေ ............

" ဟိုင်း ....မင်္ဂလာပါ ရှိုင်းမင်းထက်​​အောင်​ ငါ့နာမည်​က စိုင်း​ကောင်းဆက်​မှူးပါ ​ကောင်းဆက်​လို့ပဲ​ခေါ်​ပါ "
ကျွန်​​တော့်​ကို လာမိတ်​ဆက်​တဲ့​ ကျွန်​​တော့်​ခုံ​ရှေ့က​ကောင်​​လေး ချစ်​စရာ​လေး​ဗျ မျက်​မှန်​ဝိုင်းဝိုင်း​လေးကတပ်​ထား​သေးတယ်​ အသားကလဲကျွန်​​တော့်​လိုမဟုတ်​ပဲ ဖြူ​ဖွေး​နေတာပဲ

You are my everything 💕💕Where stories live. Discover now