အပိုင်း - ၂

Começar do início
                                    

သတိရတယ်မေမေ။အခုချိန်သာမေမေရှိရင်သားဘယ်လောက်တောင်ပျော်နေရမလဲမေမေ။

အမေမရှိတဲ့ခံစားချက်ကိုသူကောင်းကောင်းသိလာသည်။

"ဟိုလေ ဒီကညီလေးနဲ့ညီမလေး ထိုင်လို့ရမလားမသိဘူး"

"ရပါတယ် ရပါတယ် ထိုင်ပါ"

"ကျေးဇူးနော်"

အရပ်ခပ်မြင့်မြင့်ကောင်လေးတစ်ယောက်သည်ဟိဏ်းဆက်တို့ခုံတန်းလေးတွင်ထိုင်ရန်ခွင့်တောင်းလာသည်။

"အစ်ကို့နာမည်က ပိုင်ဇေပါ တတိယနှစ်က"

"ဟုတ် အကို ညီမတို့က ပထမနှစ်ပါ"

"ဪ ဂျူနီယာလေးတွေပဲ အစ်ကိုဘာကူညီပေးရမလဲ"

ဟိဏ်းဆက်နဲ့ကေသွယ်အတွက်ကောင်းသောအခွင့်အရေးဖြစ်သွားသည်။ဟိဏ်းဆက်နဲ့ကေသွယ်တို့minorဘာသာရပ်ကိုဘာယူရမှန်းမသိဖြစ်နေကြသည်။

"ဒါဆို အစ်ကို minorဘာသာရပ်တွေကဘာတွေဘယ်လိုသင်တာလဲ ၊ ကျွန်တော်တို့ကိုပြောပြပါလား"

"ရတာပေါ့ငါ့ညီရာ အစ်ကိုပြောပြမယ် ၊ Minorကသုံးခုရှိတယ် OSရယ်Philoရယ်Historyရယ် ၊ OSကအရှေ့တိုင်းဘာသာရပ် ပါဠိတွေသင်ရတာ ၊ Philoကဒဿနိကအတွေးအခေါ်ဘာသာရပ် ၊ Historyကတော့သမိုင်းပေါ့ငါ့ညီရာ ၊ ငါ့ညီတို့ကြိုက်တာတစ်ခုပဲ ရွေးယူလိုက်"

"ဒါဆို အကို ညီမတို့ဘာယူရမလဲ ၊ လွယ်တဲ့ဘာသာရပ်လေးလင်းပါ အစ်ကိုရယ်"

"လွယ်တာဆိုရင်တော့Philoပေါ့ညီမရယ် ၊ အစ်ကိုဆိုအဲ့တာပဲယူခဲ့တာ လွယ်မှလွယ်"

"အဲ့တာဆိုရပြီအစ်ကို philoပဲယူလိုက်တော့မယ် ၊ ကျေးဇူးနော်အစ်ကို"

"ရပါတယ်ငါ့ညီရာ ဒါကအစ်ကိုတို့စီစီတွေရဲ့တာဝန်ပါ"

အစ်ကိုပိုင်ဇေကိုကြည့်ရင်းဟိဏ်းဆက်တွေးမိသည့်တစ်ခုရှိသည်။

ခုဏကရေခဲတုံးကြီးနဲ့အရမ်းကွာပါလား။

"ဖြည့်ကြ ဖြည့်ကြ အစ်ကိုလည်းဖြည့်လိုက်ဦးမယ်"

"ဟုတ်"

ဖောင်တွေကိုဆက်ဖြည့်လိုက်ကြသည်။ဒီနှစ်ကံကောင်းသည်ဟုဆိုရမည်။ဌာနမှူးဆီသွားစရာမလိုတော့တာလေးတစ်ခုပေါ့။ကျောင်းအပ်တာ နေ့လယ်၁၂လောက်မှပြီးသည်။

ချစ်ရ​ပါသော"ညီ"Onde histórias criam vida. Descubra agora