အပိုင်း - ၁

Start from the beginning
                                    

ဟိန်းသူအသံအေးစက်လွန်းလှသည်။မိခင်ဖြစ်သူဒေါ်လဲ့ကြည်ထွက်သွားပြီးကတည်းက အရယ်အပြုံးမရှိအမြဲတမ်းမာကျောခက်ထန်နေသည်။မနက်တိုင်းမနက်စာအတူစားဖို့လာခေါ်တဲ့ဒေါ်ကြီးကအမြဲတမ်းတစ်ယောက်တည်းပဲပြန်ဆင်းသွားရသည်။ဟိန်းသူယနေ့ထက်ထိ မိထွေးဖြစ်သူဒေါ်မေဦးနဲ့မျက်နှာချင်းဆိုင်ကာ ထမင်းလက်ဆုံမစားပါ။ဒေါ်ကြီးထမင်းစားခန်းထဲသို့ဝင်လာပြီးဒေါ်မေဦးကိုခေါင်းခါပြလိုက်သည်။

"ဒီကောင်လေးကတော့နော် ငါလုပ်တော့မယ်"

ဟိန်းသူ၏အဒေါ်ဖြစ်သူဒေါ်ယမင်းကဒေါသထွက်ပြီးသွားပြောမယ်လုပ်တိုင်းဒေါ်မေဦးကလက်ကလေးကိုဆွဲပြီးဒီစကားလေးကိုအမြဲပြောရှာသည်။

"ထားလိုက်ပါမမရယ် ၊ ဟိန်းလေးစိတ်ချမ်းသာသလိုနေပါစေ"

မနက်ဆိုအပြင်မှာပဲစားသည်။နေ့လယ်ဆိုအိမ်မှာစားသည်။‌ နေ့လယ်ပိုင်းဒေါ်မေဦးကကုမ္ပဏီသွားသည်။ညဆိုဒေါ်မေဦးစားပြီးသည့်အချိန်မှဆင်းစားသည်။ဒေါ်မေဦးနဲ့မျက်နှာချင်းဆိုင်ခဲ့တာဒီနေ့ဒီအချိန်ထိမရှိခဲ့ပါ။ဟိန်းသူမေမေက ဖေဖေနဲ့ကွာရှင်းပြီး၂နှစ်အကြာမှာဆုံးသွားခဲ့သည်ကိုဟိန်းသူကြားသည်။သူအရမ်းနာကျင်ခံစားခဲ့ရသည်။မေမေ့ရဲ့နောက်ဆုံးအချိန်လေးကိုသူလိုက်မပို့ခဲ့ရပါ။ဟိန်းသူဖေဖေက သူဆယ်တန်းနှစ်မှာဆုံးပါးသွားခဲ့သည်။နောက်ဆုံးကျန်ခဲ့တာ ဟိန်းသူ ၊ ဒေါ်မေဦးနဲ့ဒေါ်ယမင်းသာရှိတော့သည်။ဒေါ်မေဦးက ဖေဖေရဲ့လုပ်ငန်းတွေအားလုံးကိုလွှဲပြောင်း
ယူလိုက်သည်။ဟိန်းသူသည်စီးပွားရေးကိုစိတ်မဝင်စားပါ။သို့ပေမဲ့ မေ့ကိုပထုတ်ပြီးဒီနေရာကိုအရယူခဲ့တယ်လို့မှတ်ယူထားပြီးဟိန်းသူဒေါ်မေဦးကိုအမြင်မကြည်ပါ။ဟိန်းသူစိတ်ဝင်စားသည်ကပန်းချီဆွဲခြင်းပညာရပ်ဖြစ်သည်။အမေတူသားတစ်ယောက်ပေါ့ဟိန်းသူမေမေကပန်းချီဆွဲတာအရမ်းတော်သည်။ဟိန်းသူသည်မေမေ့သွေးအပြည့်ပါသည်။

"သခင်လေး မမကြီးက ......"

"တော်ပါတော့ဒေါ်ကြီး ကျွန်တော်ကျောင်းသွားတော့မယ်"

စားပွဲပေါ်ကကားသော့ကိုဆွဲယူပြီးCamryကားအနက်ရောင်လေးပေါ်တက်ကာအိမ်နဲ့ဝေးရာသို့ထွက်ခဲ့သည်။

ချစ်ရ​ပါသော"ညီ"Where stories live. Discover now