'သွန်းခ' ​ကော်​ဖီခွက်​ကို စားပွဲ​ပေါ်တင်​​ပေးပြီး
ပြန်​ထွက်​လာဖို့ပြင်​လိုက်​သည်​~~~

"​နေဦး! မင်းကိုဘယ်​သူကသွားခိုင်း​သေးလို့လဲ!

ထိုင်​ဦး!"

~~ကျစ်​! ငါ့ကို ဘာ​တွေရစ်​ဦးမလို့လဲ မသိဘူး~~

အစထဲက ရစ်​မှာ​ကြောက်​လို့ မြန်​မြန်​ပြန်​ထွက်​လာ
ပါတယ်​ဆိုမှ သူ့အဖြစ်​က သူခိုးလူမိတဲ့အတိုင်း~~

အခုမှ​တော့လဲမထူး​တော့~~~

'သွန်းခ' အဲ့တစ်​​ယောက်​နဲ့အ​ဝေးဆုံးဖြစ်​တဲ့ အစွန်​ဆုံးဆိုဖာ​ပေါ်မှာ ၀င်​ထိုင်​လိုက်​သည်​~~~

အတန်​ကြာ​အောင်​ သူ့ကိုစိုက်​ကြည့်​​နေတဲ့
ကိုဇွဲထက်​သန့်​~~~

'သွန်းခ' သူ့ကိုကြည့်​​နေတဲ့ အဲ့တစ်​​ယောက်​ရဲ့စူးရှတဲ့မျက်​လုံး​တွေနဲ့ အကြည့်​​တွေကို မခံနိုင်​တဲ့ဆုံး~~~

"ကိုဇွဲထက်​သန့်​ ကျ​နော့်​ကို ဘာ​ပြောစရာရှိလို့လဲ!

မြန်​မြန်​​ပြောပါ! ကျ​နော့်​ duty ရှိ​သေးတယ်​"

"................"

"ကိုဇွဲထက်​သန့်​ ဘာမှ​ပြောစရာမရှိရင်​လဲ ကျ​နော်​သွား​တော့မယ်​!"

'သွန်းခ' ချက်​ချင်းပဲ ဆိုဖာခုံက​နေထကာ ထွက်​သွားဖို့ပြင်​လိုက်​သည်​~~~

သူထိုင်​သာထိုင်​​နေရတယ်​~~~ခံစားချက်​ကြီးက
ဘယ်​လိုကြီးမှန်းမသိ~~ရှိန်းတိန်းတိန်း
ဖိန်းတိန်းတိန်းကြီး~~~

'ဇွဲထက်​သန့်​'တစ်​ဖြစ်​လဲ လာသာလာခဲ့ရတယ်​~~ဒီ​ရောက်​​​တော့လဲ ဘာ​ပြောလို့​ပြောရမှန်းမသိ​~~

သူ့တို့အဖြစ်​က ချစ်​သူနှစ်​​ယောက်​ ပထမဆုံး ချိန်း​တွေ့တဲ့​နေ့မှာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ရှိန်​​နေကြ
သလိုမျိုး~~~

~~~အာ! ကျစ်​! ငါဘာ​မေးရင်​​ကောင်းမလဲ~~~

"မင်းနာမည်​ ဘယ်​လို​ခေါ်လဲ!"

'သွန်းခ'ထွက်​သွားဖို့ပြင်​​နေရာက​နေ ရုတ်​တရက်​ထ​မေးလိုက်​တဲ့ အဲ့တစ်​​ယောက်​​ကြောင့်​ ​ခြေလှမ်း
တွေက ရပ်​သွားသည်​~~

My Owner(Completed)Donde viven las historias. Descúbrelo ahora