အပိုင်း(၁)

Start from the beginning
                                    

"မရဘူး သားသား။ ထတော့ မေမေ ဆူလိမ့်မယ်နော်။"

မိုးသား နှုတ်ခမ်းတွေကို မိုင်ကုန်ဆူပစ်လိုက်ပြီး မှောက်နေရာမှ ကုန်းထလိုက် ပါတော့တယ်။ တီတီက အခင်းကို ခေါက်မလို့ လုပ်တော့ မိုးသားသတိရနဲ့ နို့ဘူးလေးကို ဘေးနားက ပန်းရုံလေးနားမှာ တီတီ မမြင်အောင် ထောင်ထားလိုက်ပါတယ်။ မြင်သွားလို့ မသောက်ထားမှန်း သိရင် ထပ်ပြီး တိုက်နေဦးမှာလေ။

ပန်းခြံထဲကနေ ထွက်မလို့ လုပ်နေတုန်း တီတီက ဖုန်းလာတာမို့ ဖုန်းပြောနေစဉ်မှာပဲ မိုးသားနားကို ကောင်လေး တစ်ယောက် ရောက်လာပါတယ်။

"ဟူး မောလိုက်တာ။ ရော့။ မင်း နို့ဘူး ကျန်နေခဲ့လို့ လိုက်ပေးတာ။"

ကြည့်လိုက်တော့ ခြွေးတွေ ထွက်နေတဲ့ ခုနက ကစားနေတဲ့ ရှောစီးတဲ့တစ်ယောက်။ မိုးသား သက်ပြင်းကို ချလိုက်ရင်း မျက်နှာလေးကို မဲ့ကာ

"ငါ မသောက်ချင်လို့ ထားခဲ့တာကွ။ ဘာလို့ အတင်းလိုက် ပေးနေတာလဲ။"

"ဟာ မသိဘူးလေကွာ။ မသောက်ချင်ရင် အမှိုက်ပုံးထဲ ထည့်လေ။ ဘာလို့ ဒီတိုင်းချထားတာလဲ။ စေတနာနဲ့လည်း လိုက်ပေးရသေးတယ်။"

"သွားပါကွာ။ မင်းယူသွား။ သောက်ချင်လည်းသောက်။ မသောက်လည်း လွှင့်ပစ်လိုက်။ သွားပါ။ သွားတော့။"

မိုးသား အတင်းကောင်လေး လက်မောင်းကို ကိုင်ကာ အနားကနေ ပြန်လွှတ်နေတာမို့ ကောင်လေးက မိုးသားကိုကော နို့ဘူးလေးကိုပါ နားမလည် သလို ကြည့်ရင်း အနားက ထွက်သွားပါတော့တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ အမှိုက်ပုံးထဲကို ဘုံးခနဲ ပစ်ထည့်လိုက်တာ တွေ့ပါတယ်။ အမယ် ပုံစံလေးက ဂျစ်တီးဂျစ်ကန်လေးဗျ။

"သွားမယ် သားသား။ ဘာလုပ်နေတာလဲ လာလေ။"

"ဟုတ်ကဲ့။"

..................................

ဒီနေ့ မိုးသားရှိန် ကျောင်းပထမဆုံး တက်ရမယ့်ရက်။ မိုးသား ဖေဖေက နိုင်ငံခြားမှာ နေပြီး တစ်ခါမှ ပြန်မလာတာမို့ တစ်ခါမှမတွေ့ဖူးပေ။ ခုဆို မိုးသားတောင် တတိယတန်းကို ရောက်နေပြီ တစ်ခါမှကို ပြန်မလာပေ။ မေမေကတော့ ဖိုးဖိုး၊ ဖွားဖွား၊ တီတီ တို့နဲ့နေတာလေ။ အခုလည်း ဖိုးဖိုး အလုပ်ကနေ ပင်ဆင် ယူလိုက်လို့ ဒီအိမ်ကို ပြောင်းလာနေကြတာပါ။ မိုးသားကို တီတီက အမြဲ ထိန်းပြီး မေမေကတော့ ဆိုင်နဲ့တင် အလုပ်အမြဲရှုတ် နေတက်တာလေ။

မိုးမြေစက်ဝန်း။ Where stories live. Discover now