"တီတီနဲ့ ဆော့ချင်ပါဘူး။ သူတို့နဲ့ ဆော့ချင်တာ သားက။"

တီတီက မိုးသား ပြတဲ့နေရာကို ကြည့်ရင်း

"အမလေး မဆော့ရပါဘူး။ အဲ့ဒီလိုတွေ ထိမိခိုက်မိ ကုန်မှဖြင့်။"

မိုးသားက တီတီ့ကို လှည့်ကြည့်ရင်း နှုတ်ခမ်းလေးကို မဲ့လိုက်ပါတယ်။ စိတ်ထဲကလည်း သိသားပဲ အဲ့လိုပြောမယ်ဆိုတာလို့ ပြန်ပြောလိုက်ပါတယ်။

"ဟေ့ကောင် ဖယ်ပေး ဖယ်နေဆို အား ဟားဟား အား သေပါပြီ ကွ။"

ရှေ့နားက ကောင်လေး ရှောစင် ပေါ်ကနေ ရှောဆင်းလာတာကို တစ်ယောက်က အောက်က မဖယ်ပဲ ဖမ်းတော့ နှစ်ယောက်စလုံး လုံးထွေးလဲကျ သွားကာ တဟားဟား ရီနေကြတာ ကြည့်ရင်းက မိုးသားလည်း လိုက်ရီလိုက်မိပါတယ်။ ပျော်လိုက်တာ သူတို့ဆော့နေတာ။ အားရပါးရပဲ။ ပြီးတာနဲ့ သူတို့ ပြန်ထကာ ပြေးကြပြီး စင်ပေါ်ပြန်တက် ပြန်တယ်။ တစ်ယောက်ကလည်း အောက်က ဖမ်းဖို့ ထပ်စောင့်နေပြန်တယ်။

"ဟေ့ကောင် ငါဒီတစ်ခါဆို ခြေထောက်နဲ့ကန်မှာနော်။ မင်းမဖယ်လို့ကတော့။"

"ကန်လေ မင်းခြေထောက်တောင် ငါက ဖမ်းပြီးချိုးပစ်လိုက်ဦးမယ်။"

တစ်ကယ်လည်း အပေါ်က တစ်ယောက်က အော်ပြီးရှော ဆင်းလာတာကို အောက်ကတစ်ယောက်က မဖယ်ပေးပေ။ အပေါ်က ဆင်းလာတဲ့ ကောင်လေး ခြေထောက်နဲ့ လှမ်းထောက်တာကို အောက်က ကောင်လေးက လှမ်းဖမ်းပြီး နှစ်ယောက်စလုံး ပစ်လဲကျ သွားပြန်ပါတယ်။

"ဟားဟားဟား"

ဒီတစ်ခါတော့ မိုးသားပါ လိုက်ရီလိုက် မိပါတယ်။ ဟိုနှစ်ယောက်ကတော့ တစ်ယောက်က ပြေးတစ်ယောက်က ခြေထောက်နဲ့ လိုက်ကန်လို့နေပါတယ်။ ပြီးတော့ သူတို့ ကျန်တဲ့ သူတို့ အဖွဲ့က ကလေးတွေနဲ့ ပြေးလွှားဆော့နေတာ မမောနိုင် မပန်းနိုင်ပါပဲ။ မိုးသားကတော့ ငေးကြည့်နေမြဲ။

"ကဲ ... သားသား သွားကြမယ်။ မိုးချုပ်တော့မယ်။ လာပြီးတော့ ဆော့တာလည်းမဟုတ်ဘူး။"

"ပြန်ချင်သေးဘူး တီတီရာ။ သူများတွေတောင် ဆော့နေတုန်း ရှိသေးတယ်။"

မိုးမြေစက်ဝန်း။ Όπου ζουν οι ιστορίες. Ανακάλυψε τώρα