(7) 🤔warning

5.9K 289 59
                                    

PJ hotel. ရှိရာသို့ ကားကို ဂရုတစိုက်​ ​မောင်းရင်း အိုဆယ်​ဟွန်းကို ​စောင်း ​စောင်းကြည့်​ရတာက အလုပ်​တလုပ်​......

တကယ်​...အိုဆယ်​ဟွန်းဟာ...မူးရင်​ က​လေးဆန်​တဲ့အမျိုး.....

အဲ့ဒါ​ကြောင့်​ မမ က အိုဆယ်​ဟွန်းကို မ​သောက်​နိုင်​ဘူးလို့​ပြောတာလား.....

သူ့ချစ်​သူရဲ့ က​လေးဆန်​ဆန်​အမူအရာ​တွေ ​တွေ့သွားမှာ ဆိုးလို့လား...

နေဦး...ဒါဆို အိုဆယ်​ဟွန်းဟာ မမ​ရှေ့မှာ မူးဖူး​လေသလား.....

ရုတ်​တရက်​ ဝင်​လာတဲ့အ​တွေး​ကြောင့်​ ကားကို လမ်း​ဘေးဆွဲရပ်​လိုက်​သည်​။

ကားခါးပတ်​ကြိုး​လေးကို ဆုပ်​ကိုင်​၍ ရယ်​​နေ​သော အိုဆယ်​ဟွန်းရဲ့ ပခုံး နှစ်​ဖက်​ကို ဆွဲကိုင်​၍ မျက်​နှာမူလိုက်​ကာ....

.ကိုကို..ကိုကို..​ဖြေစမ်းပါ...မမ ​ရှေ့မှာ မူးဖူးသလား..ဟမ်​..

.ခစ်​ခစ်​...

အိုဆယ်​ဟွန်းသည်​ ရယ်​မြဲ ရယ်​​နေသည်​။

ဘယ်​ညာ​စောင်းလိုက်​​အောက်​စိုက်​လိုက်​ ဖြစ်​​နေ​သော ​ခေါင်းက ​ခေါင်းညိမ့်​တာလား ​ခေါင်းခါတာလား မသဲကွဲ.....

.ကိုကို...ကျွန်​​တော်​ ​မေး​နေတယ်​​လေ..

.ဟင့်​အင်း....

ခေါင်းကိုသိသိသာသာခါယမ်းပြ​သော အိုဆယ်​ဟွန်း​ကြောင့်​ ရင်​ထဲမှာ ​ကျေနပ်​သွားတယ်​ဆိုတာ ဝန်​ခံပါသည်​။

.ချန်း.....

နှုတ်​ခမ်း​လေးဆူကာ ချန်း..ဟု ​ခေါ်​နေ​သော အိုဆယ်​ဟွန်း​ကြောင့်​.....ရင်​ဘက်​ထဲက တဒုတ်​ဒုတ်​နဲ့.........

အရင်​က ဝက်​နှုတ်​ခမ်း ထင်​ခဲ့ဖူးတဲ့ ဒီ နှုတ်​ခမ်းဖူးဖူး​လေး​တွေကို မြည်း စမ်းကြည့်​ချင်​လာသည်​။

နှုတ်​ခမ်းဖူး​တွေနားကို တဖြည်းဖြည်း တိုးကပ်​မိ​နေတာ နှာ​ခေါင်းထပ်​ဖျား​လေး​တွေပင်​ ထိကပ်​​နေပြီ......

No Love, My Brother_In_Law(Zawgyi +unicode) Where stories live. Discover now