(2)

4.3K 299 22
                                    


အသုံးမကျလိုက်​တာဟု ​ပြောခံလိုက်​ရ၍ ချန်း​ယောလ်​ ရဲ့ ​ယောက်ျားမာနက ​ထောင်​ခနဲ.....

လက်​သီးကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ရင်း မက်​တပ်​ရပ်​​နေမိသည်​။

.ကဲ ထားလိုက်​ပါ​တော့ကွာ ဟိုမှာ ထွက်​သွားပြီပဲ
ထိုင်​​တော့

ရီရှင်းက ​ပြေရာ​ပြေ​ကြောင်း ​ပြော၍ ချန်း​ယောလ်​ ကို ခုံတွင်​ပြန်​ထိုင်​​စေလိုက်​သည်​။

အနီ​ရောင်​ဆံပင်​တို့ကို ခပ်​ကြမ်းကြမ်း ဆွဲဖွ လိုက်​ရင်း..ချန်း​ယောလ်​ ​ဒေါသတို့ ​ပြေ​အောင်​ စိတ်​​ဖြေလိုက်​သည်​။

.ဘလိုင်းကြီးကွာ..ငါမှားတာဆို​ပေမယ့်​ ပြန်​​ပြောပုံက မိန်းမကြီး ကျ​နေတာပဲ

.သူလည်း ရုတ်​တရက်​ဆို​တော့ ​ပြောမိ​ပြောရာ​နေမှာ​ပေါ့

ခရစ်​သည်​ ဟန်​ဘာဂါထဲမှ ခရမ်းချဉ်​သီး အကွင်းကို ထုတ်​ပယ်​ရင်း ဟိုလူ့ ဘက်​မှ​ရှေ့​နေလိုက်​​နေသည်​။

.​ရှေ့​နေလိုက်​ခ ဘယ်​​လောက်​ရလဲ

.ဟမ်​ ငါမှ ​ရှေ့​နေမဟုတ်​တာ

.​သောက်​ရူး

.ငလူး..လာမဆဲနဲ့..

.ကဲပါကွာ မင်းတို့ကလည်း ကေ​လးမဟုတ်​ သူငယ်​မဟုတ်​ ရန်​မဖြစ်​ကြနဲ့​တော့..

ရီရှင်းက အမြဲဒီလိုပင်​ ကြားဝင်​​ဖြေရှင်း​လေ့ရှိသည်​။

.ငါတို့ ဘက်​ဟျွန်းရဲ့ ဆိုင်​ဖွင့််​ပွဲသွားကြမယ်​​လေ မမှီပဲ​နေဦးမယ်

.​အေး ဟုတ်​သားပဲ

.လာ သွားကြမယ်​........

ဤသို့နှင့်​ ဘက်​ဟျွန်း၏ coffee shop ဖွင့်​ပွဲသို့ ချီတတ်​လိုက်​​တော့သည်​။

______________________________________

.အခုလို ကျွန်​​တော့်​ရဲ့ ဆိုင်​ဖွင့်​ပွဲကို လာ​ရောက်​​ပေးကြတဲ့ ဂုဏ်​သ​ရေရှိလူကြီးမင်း တို့အားလုံးကို စိတ်​ရင်းနဲ့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ...
အားလုံပဲ သုံး​ဆောင်​ကြပါ​နော်​..............

No Love, My Brother_In_Law(Zawgyi +unicode) Kde žijí příběhy. Začni objevovat