ညား၍ခ်စ္ခဲ့သည္။ ( ၁၀ ) (Z+U)

Start from the beginning
                                    

" ဟင့်အင်း ရတယ် ကလေးမမှားဘူး၊ ကိုယ့်ကြောင့် ကိုယ်ကြောင့်သာ ကျစ်၊ ကိုကို တောင်းပန်ပါတယ် ကလေးရယ် မငိုပါနဲ့တော့နော် ကလေး ပင်ပန်းလိမ့်မယ်နော် တိတ်တော့"

" ဟင့် အီးဟီးး."

ရင်ခွင်ထဲဝင်ကာ ခါးကိုဖက်ထားရင် ငိုကြွေးကာပြောနေတဲ့စကားက ကိုယ့်ကိုယ်စိုးရိမ်နေတာတဲ့လား။ စိုရွှဲနေသောမျက်ရည်တွေကို သုတ်ပေးနေတာတောင်မှ အလျှင်မမှီနိုင်။ ကလေးရဲ့ မျက်ရည်တွေက ကိုယ်လည်းနာကျင်ရသည်။ ဒါပေမယ့်လည်း ကလေးက ကိုယ့်ကိုယ်တွယ်တာတယ်ဆိုတာသိလိုက်ရတော့လည်း ပီတိဖြစ်ရပြန်ပြီ။

" တော်ပါတော့ကွာ ကိုကို ရင်တွေနာလို့ပါနော်၊ တောင်းပန်ပါတယ် ကိုကို့အမှားပါ"

" ဟင့် ကျွန်တော် ကြောက်နေတာ၊.ပြီးတော့ ကျွန်တော် ဗိုက်ဆာတယ်"

အာ ဟုတ်သား Ramen နဲ့ Oden ဝယ်လာမယ်ဆိုတဲ့ ကတိ။ မဟော် မဟော် မင်း ဘာတွေ။

" ကလေး ကိုကို့ ပါးကိုချလိုက်"

" ဟင့် ဗျာ ဘာ ဘာလို့လဲ"

" ကိုကို ကလေးကို ပေးထားတဲ့ ကတိတွေမတည်တဲ့အပြင် ကိုကို မလုပ်သင့်တာတွေပါ လုပ်လာတယ်၊ ကိုကိုက မကောင်းဘူး ကလေး ဒါကြောင့် ကိုကို့ကိုယ် ဒဏ်ပေးတဲ့အနေနဲ့ ပါးရိုက်လိုက်"

" ဟင့်အင်း..မ မလုပ်ပါဘူး"

" ကလေး မရိုက်ရင် ကိုကို ကိုယ့်ဘာသာကိုယ်ရိုက်မယ် ကဲဟာ ကဲဟာ"

" ဟင့်အင်း ဟင့်အင်း..မလုပ်ပါနဲ့ ကိုကို မလုပ်ပါနဲ့လို့ ဟင့် အီးဟီး"

" ကလေး..ကလေး ကိုကို့ကို ဘယ်လိုခေါ်လိုက်တာ"

" ဟင့် ကိုကို အဲ့လိုမလုပ်ပါနဲ့နော် ဟင့်"

ပြစ်ဒဏ်ပေးနေသော ကိုယ့်ရဲ့လက်တွေကို တားမြစ်နေသော ကလေးငယ်ထံမှ ကြားလိုက်ရသည်က ကိုကိုတဲ့။ လောဘကြီးစွာ ထပ်တောင်းဆိုလိုက်မိသေးတာ။

" က ကလေး နောက်တစ်ခါ ထပ်ခေါ်လို့ရသေးလား"

" ဟင့် ကိုကို"

" ဟူး..ကိုကို ပျော်လိုက်တာ ကလေးရာ"

" နောက်ကျရင် မူးပြီး ကျွန်တော့်ကို ခုနကလို မလုပ်ပါနဲ့နော် ကျွန်တော် ကြောက်လို့"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now