Chapter 1 (နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည် ဆုံတွေ့ခြင်း)

3.3K 192 1
                                        

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 10 မိုးနဂါးအစောင့်အရှောက်

Chapter 1 (နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည် ဆုံတွေ့ခြင်း)

"တာအို ရောင်ရင်း မူနော့စွန်း"

သူတော်စင် သဏ္ဍာန်မဲ့က တခြား သင်္ဘောပေါ်ကနေ လက်နှစ်ဖက် ယှက်ပြီးတော့ ရယ်မောနှုတ်ဆက်လိုက်ပါတယ်။

"အိုး... တာအိုရောင်ရင်း ဂျိနင်လည်း ပါတာကိုး။ ငါတို့အတွက် ဒီလို နွံတောကြမ်းမှာ ဆုံတွေ့ခွင့်ရတာက တကယ့်ကို ကာမ ရေစက်ဆုံလို့ပါ။ ငါတို့တွေ မိုးနဂါး အစောင့်အရှောက် စစ်စခန်းကို ပြန်ရောက်ရင် ဆုံပြီး အရက်သောက်ကြရတာပေါ့။"

"ကောင်းတာပေါ့။ တာအိုရောင်ရင်း သဏ္ဍာန်မဲ့နဲ့ တာအိုရောင်ရင်း အရှေ့မိုးသောက်"

နင်လည်း လက်နှစ်ဖက်ကို ယှက်ပြီး နှုတ်ဆက်လိုက်ပါတယ်။

"မင်းတို့နှစ်ယောက် အေးအေးဆေးဆေး ဖြစ်နေပုံထောက်တော့ မင်းတို့အားလုံး ဝမ်ရှင်း မွန်းစတား အလောင်းတွေ အလုံအလောက် ရခဲ့ပြီးပြီထင်တယ်။"

"အေးအေးဆေးဆေးဖြစ်တာ...."

စစ်သင်္ဘောပေါ်က ဝမ်ရှင်း သူတော်စင် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ တာအိုရောင်ရင်း အရှေ့မိုးသောက်က ခါးခါးသီးသီး ရယ်မောလိုက်ပြီးတော့

"တာအိုရောင်ရင်း ဂျိနင်ရယ်... မင်းက ငါတို့တွေ အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ဘာကို ကြည့်ပြီးပြောရတာလည်း။ ခုနကလေးတင်ကို ငါတို့တွေ သေမလို ဖြစ်ခဲ့တာ။ ငါတို့တွေ ခဏ နားပြီးတာနဲ့ ဝမ်ရှင်း မွန်းစတားတွေကို လိုက်သတ်ရဦးမယ်။ ပြောရရင် ၃ လ အချိန်ပေးထားပေမဲ့ ငါတို့မှာ အချိန်နည်းနည်းပဲ ရှိတော့တာ။"

"အို... မင်းတို့က အလုံအလောက် မရကြသေးဘူးလား။"

နင်လည်း အံ့အားသင့်သွားပါတယ်။

မင်းတို့က...? တာအို ရောင်ရင်း အရှေ့မိုးသောက် တကယ်အံ့အားသင့်သွားပါတယ်။

"မင်တို့နှစ်ယောက်ကကော လုံလောက်အောင်ရသွားပြီလား..."

နော့စွန်းက နင်ဘာလို့ ဒီလို ပြောလိုက်လည်းဆိုတာကို နားမလည်နိုင်ဖြစ်သွားပေမဲ့လည်း သူက ခေါင်းညိတ် ထောက်ခံလိုက်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် ၁၀ (unicode)Stories to obsess over. Discover now