Part-18

6.5K 492 0
                                    

.................

Akai သူ့​ရှေ့ရှိ Hero ခန့်​ထားခဲ့​သော ​နောက်​လိုက်​အသစ်​အား ကြည့်​လိုက်​တယ်​။ ကိုယ်​ခံပညာ Hero ​လောက်​မ​တော်​​​လောက်​ပေမယ့်​ အခြားသူ​တွေထက်​​တော့ အဆများစွာသာမည်​မှာ ကျိန်း​သေပင်​။
Hero ကဘာ​ကြောင့်​များ သူ့အား အ​ကြောင်းစုံ​ပြောမပြဘဲ ထွက်​သွားရတာလဲ သူစဉ်းစားမရ​ပေ။ မ​နေ့ညက အ​ကြောင်းအရာကို ပြန်​စဉ်းစားမိ​တော့

ညဉ့်​နက်​ပိုင်း​လောက်​မှ Hero သူ့ဆီပြန်​​ရောက်​လာတယ်​။ Hero တစ်​​ယောက်​ထဲမဟုတ်​ သူ့​နောက်​မှာ အခြားလူတစ်​​ယောက်​ပါ ပါလာတယ်​။

"Hero ဘာလို့ ညဉ့်​နက်​​နေတာလဲ ကျွန်​​တော်​ ဘယ်​​လောက်​စိတ်​ပူ​နေမလဲ မစဉ်းစားမိဘူးလား"

သူအခြားလူအားလည်း ဂရုမစိုက်​နိုင်​ပါ။ သူစိတ်​ဆိုးစွာ ​အော်​လိုက်​မိတယ်​။

"ကိုယ်​ စီစဉ်​စရာရှိတာ​တွေ စီစဉ်​​နေလို့ပါ မင်းကို စိတ်​ပူ​စေမိလို့ ​တောင်းပန်​ပါတယ်​"

Hero က ပြုံးကာ သူ့လက်​​လေးအား ဆွဲယူရင်း ဆို​လေတယ်​။

"အဲ့လူက ဘယ်​သူလဲ"

Akai က​နောက်​မှ မလှုပ်​မရှက်​ရပ်​​နေ​သော ပါလာသည့်​လူအား လှမ်းကြည့်​ကာ​မေး​တော့

"သူ့နာမ်​မည်​ကKon မင်းကို ​စောင့်​​ရှောက်​​ပေးမယ့်​သူ "

သူ့မှာ ​စောင့်​​ရှောက်​​ပေးမယ့်​ Hero တစ်​​ယောက်​လုံးရှိတယ်​​လေ ဘာလို့ ​နောက်​တစ်​​ယောက်​ထပ်​လိုမှာလဲ။

"ကိုယ်​ အ​နောက်​​မြောက်​ ​ဒေသကို သွားရလိမ့်​မယ်​"

သူစဉ်းစား​နေတုန်း ကြားလိုက်​ရတဲ့ Hero စကား​ကြောင့်​ သူထိပ်​လန့်​သွားတယ်​။

အ​နောက်​​မြောက်​​ဒေသဆိုတာ တကယ့်​ကို ဆိုးဝါးတဲ့ နယ်​​မြေ​တွေဘဲ။ စစ်​တပ်​က​တောင်​ မထိန်းချုပ်​နိုင်​ဘူး။ နယ်​စပ်​​ဒေသလည်း ဖြစ်​တာမို့ ထိမ်းသိမ်းရ မလွယ်​ကူတဲ့​ဒေသ။ အမြဲမပျက်​ အတိုက်​အခိုက်​​တွေနဲ့​လေ။ Hero ကဘာသွား လုပ်​မှာလဲ။

"Hero ဘာသွားလုပ်​မှာလဲ တာဝန်​ကျလို့လား"

သူထိပ်​လန့်​စွာ ​မေးမိတယ်​။ တာဝန်​အရဆိုရင်​​တော့ အန္တရာယ်​ ပိုများလွန်းတယ်​။

My King Where stories live. Discover now