.........
"အရှင်မင်းကြီးကို ဂါဝရပြုပါတယ်"
"Hero မင်းကိုဘာကြောင့် ခေါ်တာလဲဆိုတာ သိပြီး လောက်ရောပေါ့"
"သိပြီးပါပြီ အရှင်"
Akai က တော့ Hero နဲ့သူ့ဖခင်ကိုသာ နားမလည်စွာကြည့်နေမိတယ်။
မင်းကြီးက သူ့သားရဲ့ နားမလည်တဲ့ မျက်ဝန်းတွေကို လစ်လျူရှုထားတယ်။ နောက်တော့ နားလည်လာမှာပါ။
Hero က ရန်သူရဲ့သားတစ်ယောက်မဟုတ်လား။ ဘာကြောင့်များ သူ့ဖခင်က ယုံကြည်နေရတာလဲ။ သူ့မိခင်ကို သတ်သည်မှာ သေနာပတိရဲ့ တပ်သားတွေဘဲလေ။ Hero ရဲ့ ဖခင်စစ်သေနာပတိ။
သူဒီအကြောင်းအရာတွေ သိလိုက်သည့်နေ့က သူ့နှလုံးသားကို ဓားသွားပေါင်းများစွာနဲ့ ထိုးနှက်ခံရတာထက် ပိုနာကျင်မိပါသည်။
သူအမှန်တရားကို လက်မခံနိုင်ခဲ့ပေမယ့် သူ့ရှေ့မြင်ကွင်းက သက်သေခံနေပြန်တယ်။ Hero က အဲ့လူကိုခေါ်တာ အဖေတဲ့။ သူ Hero ဆီသွားမယ့် ခြေလှမ်းတွေ ရပ်တန့်ခဲ့ရတယ်။ အဲ့နေ့က သူဆရာမသိအောင်ခိုးထွက်ပြီး Hero ဆီကိုသွားခဲ့တာ။ သူမလာမိရင် အကောင်းသားလို့ ၊ သူမလာခဲ့ရင် သူ့ရင်တွေ နာရမှာမဟုတ်ဘူး။
"သားတော် စစ်သူကြီး Hero က သားတော်အတွက် ယုံကြည်ရတဲ့ ကိုယ်ရံတော် မတွေ့သရွေ့ အနားမှာနေပြီး စောင့်ရှောက်ပေးလိမ့်မယ်"
"ကျေးဇူးပါခမည်းတော်"
ဒါပိုလို့ မဖြစ်သင့်ဘူးမဟုတ်လား။ Hero ကရော စစ်သူကြီးရာထူးကနေ သူလို ဂုဏ်မရှိတဲ့ မင်းသားငယ်လေးစီမှာ ဘာကြောင့်များ အမှုထမမှာလဲ။ တစ်ခုခုလွဲနေသလို သူခံစားရတယ်။
ဘာလဲ..သူ့လှုပ်ရှားမှုတွေကို အနီးကပ် သိချင်လို့လား။ ဟ..ဟ စောင့်နေလေ ငါဘာလုပ်လုပ် မင်းမသိစေရဘူး။သူ Hero ဘက်လှည့်လိုက်တော့
"အရှင့်သားကို ဂါဝရပြုပါတယ်"
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####