Part-12

7.5K 582 3
                                    

#####

"ဘာဖြစ်​​နေတာလဲ"

Orochi ရဲ့ အ​မေးကို သူ​ခေါင်းရမ်းပြကာ ညိမ်​သက်​စွာ ထိုင်​​နေမိတယ်​။

"မင်း ပြဿ နာ တစ်​ခုခုရှိ​နေလို့လား ဟို​ကောင်​​လေးနဲ့က အသိလား"
"အသိဆိုတာထက်​ ပိုတယ်​"
"ဟမ်​...."
"ငါရဲ့ က​လေး ငါသူ့ကိုအရမ်းလွမ်း​နေတာ သူက​တော့ ငါ့ကိုမလွမ်းဘူးထင်​တယ်​"

Hero ရဲ့ ဝမ်းနည်းစွာ​ပြော​နေပုံက Hero မှဟုတ်​ရဲ့လားလို့​တောင်​ သူထင်​မိတယ်​။ ဘယ်​တုန်းကမှ Hero ကိုဒီပုံစံနဲ့ သူမမြင်​ဖူးဘူး။ ဘယ်​အရာက သူ့သူငယ်​ချင်းကို ဒီ​လောက်​ထိဝမ်းနည်း ​စေတာပါလိမ့်​။ ဟို​ကောင်​​လေးလား။

"ငါသူ့ကို လွန်​ခဲ့တဲ့ ​လေးနှစ်​လုံးလုံးရှာ​နေခဲ့တာ ..........."

Hero ရဲ့စကား​တွေကို Orochi တစ်​​ယောက်​ပါးစပ်​ အ​ဟောင်းသားနဲ့သာ နား​ထောင်​​နေခဲ့တယ်​။ သူနဲ့သိလာတဲ့ ​လေးနှစ်​လုံးသူ ဒီအ​ကြောင်း​တွေကိုမသိခဲ့ဘူး။ Hero သူ့ဖခင်​နဲ့ အစဉ်​မ​ပြေတာက သူ့မိခင်​ကို မျက်​ကွယ်​ပြုခဲ့လို့ဘဲ ထင်​ခဲ့တာ။ ဒီလိုကိစ္စကြီး​တွေ ရှိခဲ့မှန်းသူမသိခဲ့ဘူး။
Hero ရဲ့မျက်​လုံး​တွေရဲလာပြီး အ​ရောင်​​တွေလက်​​နေတယ်​။ သူ့ရဲ့နှုတ်​ခမ်း​တွေကိုလည်း တင်းတင်း​စေ့ထားတယ်​။ သူ့ရဲ့လက်​​တွေကလည်း တင်းတင်းဆုပ်​ထားတယ်​။

"မင်းအရမ်းခံစားရတဲ့ အခါမြိုသိပ်​မထားနဲ့ ဖွင့်​ချပစ်​လိုက်​ ခုမင်းငိုချင်​​နေရင်​ ငိုပစ်​လိုက်​။ ငါနဲ့မင်းဘဲရှိတာ"
သူ Heroရဲ့ ပုခုံးကိုပုတ်​ပြီး​ပြောလိုက်​တယ်​။

"..."
"မင်း သူ့ကို​မေးလိုက်​​ပေါ့ ဘာ​ကြောင့်​ စိတ်​ဆိုးတာလဲလို့ "

သူဒီအ​ကြောင်း​တွေကို ပြန်​​ပြောရင်​ အ​ဟောင်းက အသစ်​ဖြစ်​ဖြစ်​လာတယ်​။
သူအခုဆို စစ်​သူကြီးတစ်​​ယောက်​​လေ။ ဒါ​ပေမယ့်​ Akaiနဲ့ ပတ်​သတ်​လာရင်​ သူ့အသည်းက ယုန်​တစ်​​ကောင်​ထက်​ပိုငယ်​တယ်​။ သူရင်​မဆိုင်​ရဲဘူး။ စိမ်းကားတဲ့မျက်​လုံး​တွေကို။
ပြီး​တော့ သူ့(Akai)မိသားစုကိုပျက်​စီး​စေခဲ့တာ သူ့ဖခင်​။ ဘာဘဲ​ပြော​ပြော အဲ့အချိန်​မှာ သူရှိမ​နေခဲ့ဘူး။ သူမကာကွယ်​နိုင်​ခဲ့ဘူး​။
ဘာ​ကြောင့်​ဆိုတဲ့ စကားကိုသူမ​မေးရဲဘူး။
ကိုယ့်​ကိုမုန်း​နေလားလို့ သူမ​မေးရဲဘူး။ မဟုတ်​ဘူး အ​ဖြေကိုရင်​မဆိုင်​ရဲတာ။

My King Where stories live. Discover now