Part 3: Why 镇魂 isn't happy ending? T_T

367 74 12
                                    
Spoiler alert !!!!

စာအုပ်ရဲ့ ဇာတ်သိမ်းပိုင်းနဲ့ ရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းအကြောင်းကို ရေးပြမှာမို့လို့ ဇာတ်လမ်းအဆုံးအထိ မကြည့်ရသေးသူတွေနဲ့ စာအုပ်အဆုံးအထိ မဖတ်ရသေးသူတွေအတွက် ဇာတ်သိမ်းပိုင်းက Spoiler ဖြစ်နေမှာမို့ အဆင်မပြေရင် မဖတ်ဖို့ ကြိုမေတ္တာရပ်ခံပါတယ်။

.

.

.

.

.

.

.

.

.

.

.

.

.

.

镇魂 စာအုပ်က happy ending နဲ့ အဆုံးသတ်ပါတယ်။

အသေးစိတ်က အရမ်း Spoiler ဖြစ်သွားမှာမို့ မပြောတော့ပဲ အကျဉ်းချုပ်ပဲ ပြောရရင် ကမ္ဘာမြေပေါ်ကျခဲ့တဲ့ Kunlun ရဲ့ ပခုံးထက်က မီးကို Shen Wei က ပြန်ယူပေးနိုင်ခဲ့တယ်။

သူတို့နှစ်ယောက်စလုံး လူသားနတ်ဘုရားတွေအဖြစ် ပေါင်းဖက်ရင်း သာမာန်လူအဖြစ် နေထိုင်သွားကြတယ်။

တက္ကသိုလ်နားက ၀ယ်ထားတဲ့ အိမ်ကြီးမှာ နေတယ်။

ကြည်ကြည်နူးနူးနဲ့ တကယ့်ပျော်စရာတွေနဲ့ ဇာတ်သိမ်းတယ်။

ရုပ်ရှင်ရဲ့ 镇魂 ရဲ့ မူရင်း ရိုက်ထားတဲ့ ဇာတ်သိမ်းပိုင်းကလေးက စာအုပ်ထဲကလောက် ကြည်နူးစရာမကောင်းပေမဲ့ တကယ်တော့ happy ending လေးပါ။

镇魂 ပြပြီး သိပ်မကြာတဲ့ ဂျူလှိုင်လလောက်မှာထင်တယ်။ ဇာတ်သိမ်းပိုင်း ဇာတ်ကွက်သေးသေးလေးက subtitle ထိုးတဲ့လူတွေရဲ့ သတိလွတ်သွားမှုကြောင့် အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တယ်။

အဲ့သည့် ဇာတ်သိမ်းပိုင်းကို လူထုက တော်တော်ဆိုးဆိုးရွားရွားကြီး တုံ့ပြန်ခဲ့ပါတယ်။

ဇာတ်သိမ်းပိုင်းကို မသိသေးတဲ့လူတွေအတွက် ရေးပြရရင် ...

Shen Wei သေဆုံးသွားပီးနောက် Dixing နဲ့ Haixing ဟာ အရင်ကလို ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့မရတော့ပဲ လုံးဝ အလုံပိတ်အဆက်သွယ်ပြတ်သွားပါတယ်။

Yunlan က သေဆုံးပြီးနောက် ၀ိဥာဉ်ဘ၀နဲ့ Dixing မှာ ပိတ်မိနေခဲ့တယ်။

အဲ့သည်က ကျောင်းမှာ ကျောင်းအုပ်ဆရာ အဖြစ်နဲ့ပေါ့။

အဲ့ဒီ့အချိန်မှာ  Shen Wei နဲ့ ye zun တို့နှစ်ယောက် ပြန်ဝင်စားပုံရတဲ့ ကလေးလေး အမွှာနှစ်ယောက်နဲ့ ပြန်တွေ့တဲ့အခန်း။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နောက်ဆုံးမှာ သူက "ကိုယ် ဒီတခါတော့ မင်းကို လက်မလွှတ်တော့ဘူး" ဆိုတဲ့ စကားလေးနဲ့ အဆုံးသတ်ထားတဲ့ပုံပါပဲ။

အဲ့တာကို တရုတ်ပြည်က တော်တော်များများက disgusting ဖြစ်စရာ ဇာတ်ကွက်အဖြစ် တော်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အဲ့တာကို တရုတ်ပြည်က တော်တော်များများက disgusting ဖြစ်စရာ ဇာတ်ကွက်အဖြစ် တော်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။

ကလေးနှစ်ယောက်ရဲ့ အသက်ကြောင့်လဲ ပါမယ်ထင်ပါတယ်။

ဒါနဲ့ပဲ ဇာတ်လမ်းဟာ နောက်ဆုံး ဇာတ်သိမ်းခန်းကို ဖျတ်ချခြင်း ခံလိုက်ရပြီး အလွမ်းနဲ့ပဲ ဇာတ်သိမ်းပါတော့တယ်။ T_T

Rare Facts about  镇魂 (which is circulated around on Weibo)Where stories live. Discover now