Part 1: why 镇魂 was changed the whole plot and why it becomes huge hit?

1K 82 10
                                    


镇魂 ရဲ့ မူရင်းဝတ္ထုကို ဖတ်ပြီးသူတွေအနေနဲ့ တော်တော်လေး အားမလို အားမရ ဖြစ်ကြပါလိမ့်မယ်။

ဇာတ်လမ်းကြီးတစ်ခုလုံးကို ပြင်ချပလိုက်လို့ပါ။

တကယ့် 镇魂 ဟာ လူ့လောက၊ ငရဲပြည် နဲ့ တစ္ဆေသရဲ လောကတွေကို အခြေခံထားပြီး ရှေးတရုတ် ဒဏ္ဍာရီလာ ပုံပြင်ကို ရောသမ မွှေထားခြင်းပါပဲ။

ပြသနာက တရုတ်မှာ ဒီလို supernatural ကိစ္စတွေကို ရိုက်ချင်ရင်က ဇာတ်လမ်းကို တရုတ်ပြည်ကြီး မထူထောင်ခင် ၁၉၄၉ ခုနှစ်အစောပိုင်းတွေမှာ ဇတ်လမ်းဆင်ရိုက်မှ ထုတ်လွှင့်ခွင့်ရပါတယ်။

၁၉၄၉ နောက်ပိုင်းမှာ သရဲတွေ၊ တစ္ဆေတွေ၊ နတ်ဘုရားတွေအကြောင်း ဇာတ်လမ်းတည်ရင် ဆင်ဆာမိတာ များပါတယ်။

ဒါကြောင့်မို့ DiXing/HaiXing ဆိုပီး ဂြိုလ်သားလိုလို ဘာလိုလိုတွေဖန်တီးပီး ဇာတ်ကို ပြင်လိုက်ရခြင်းဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

Sorry to say that but... CG effect တွေဟာ တော်တော်ကို ညံ့ညံ့ သုံးထားပါတယ်။

ခွင့်မလွှတ်နိုင်စရာ CG အမှားတွေလဲ ပါနေတယ်။

But trust me! Guardian ဟာ Weibo သုံးတဲ့လူတွေအကုန် မမြင်ချင်မှအဆုံး အောင်မြင်သော web drama တစ်ခုဖြစ်လာတယ်။

ဆယ်စုနှစ်တွေအတွင်း 镇魂 လောက် ပေါက်တဲ့ ဒရမ်မာမျိုး တကယ် မမြင်ဖူးဘူး။

အရင်က နံမည်ကြီးတာတွေဟာ 镇魂 နဲ့ယှဉ်ရင် ခပ်သေးသေးတွေ ဖြစ်ကုန်တယ်။

ဘာကြောင့်လဲ?

ရှင်းပါတယ်။

镇魂 ဟာ ဘုရားပေးတဲ့ သရုပ်ဆောင်နှစ်ယောက်ကို ရခဲ့ပါတယ်။

朱一龙 နဲ့ 白宇 ပါ။

ဘုရားစူး သူတို့နှစ်ယောက်ကို ကြည့်ပြီး ရေးထားသလားထင်ရအောင် ကာရိုက်တာနဲ့ သရုပ်ဆောင်မှု တွေဟာ ဟပ်မိနေခဲ့ပါတယ်။

အဓိက ကာရိုက်တာနှစ်ဦးဟာ စာအုပ်ထဲကနေ အပြင်ကို ခုန်ထွက်လာသလား ထင်ရအောင်ကို ရုပ်လုံးကြွတတ်နေတာဟာ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်အစွမ်းကြောင့်ရယ်ပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~

xiong di qing ဆိုပီး စာတန်းကြီးပြူးနေအောင်ရေးပီး Promote လုပ်ခဲ့ပေမဲ့၊ ဇာတ်လမ်းထဲ သံသယဖြစ်စရာ တကွက်တောင် ထည့်ပေးမထားပေမဲ့ On and off screen တွေမှာ တွေ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ Chemistry က ဇာတ်ကားအောင်မြင်မှုကို အမြင့်ဆုံးရောက်အောင် ထည့်ပေးလိုက်တဲ့ လောင်စာပါပဲ။

BL ၀တ္ထု ကို Bromance အနေနဲ့ ရိုက်ပြီး BL ခံစားချက်ရအောင် သရုပ်ဆောင်ရတာ တကယ်တော့ မလွယ်ပါဘူး။

အကြည့်လေးတချက်၊ လက်လေးနဲ့ထိမိချိန်၊ ရှက်သွားတဲ့ မျက်နှာ၊ စိတ်လှုပ်ရှားသွားတဲ့ ပုံစံ စသဖြင့် အားလုံးကို အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်လေသော သူတို့နှစ်ယောက်ကြောင့်သာ ယခုလောက်အထိ အောင်မြင်သော web drama ဖြစ်လာရခြင်းဖြစ်ပါတယ်။

Rare Facts about  镇魂 (which is circulated around on Weibo)जहाँ कहानियाँ रहती हैं। अभी खोजें