1

6.8K 506 13
                                        

Unicode

" ဘာကြီး.....ကျွန်း ? "

ရုတ်တရက် အခန်းထဲဝင်လာပြီး ဘီရိုကြီးဖွင့် အဝတ်အစားတွေအလောတကြီးထည့်ပေးနေတဲ့ သူ့အမေကိုကြည့်ရင်း Baekhyunနားမလည်နိုင်တော့ ။။

" အေး..ကြားတဲ့အတိုင်းပဲ ထတော့ အသင့်ပြင်ထား ခဏနေလေဆိပ်သွားဖို့ Driver ကင် လာခေါ်လာတော့မှာ "

"ဟာ..မေမေ ဘာလုပ်တာတုန်းဗျာ ဗြုန်းစားကြီး"

" ဘာဆင်ခြေဆင်လက်မှ ပေးမနေနဲ့ ဘာမှလည်းမမေးနဲ့ သွားဆိုသွား "

လေသံကလည်း မာလွန်းလှသည့် မွေးသမိခင် .

" ပြော ကျွန်တော် ဘာအမှားလုပ်မိလို့လဲလို့... "

ငိုသံပါကြီးဖြင့်စူးစူးဝါးဝါးထအော်လိုက်သည့် Baekhyunအသံကြောင့် Mrs_Byunမျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း

" Daddyရော မေမေရော သားအတွက်သင့်တော်တယ်ထင်လို့သွားခိုင်းတာ လအနည်းငယ်လောက်ပါပဲ "

နောက်ဆုံးသောSuitcaseကို ဇစ်ပိတ်ပြီး တစ်ဖက်က ကုတင်ပေါ်မော့ကြည့်လိုက်တော့ စူပုတ်နေသော သားတော်မောင် Baekhyun ၊

" ဟိုရောက်ရင်တော့Clubတွေလည်းသိပ်မသွားနဲ့ ပြီးတော့ အပြုအမူအနေအထိုင်တွေလည်းဆင်ခြင်နေနော် Dadသဘောကျအောင်နေခဲ့ ငါ့သား"

Mrs_Byun သူမရဲ့ သားလေး ပါးအိအိလေးများကိုဆွဲညှစ်ရင်း ဆုံးမစကားပြောလိုက်သည် ။

"မဟုတ်မှလွဲရော ! ခု အဲ့ကျွန်းဆိုတာကြီးဆီပို့တာ Clubတွေသွားမိလို့ပေါ့ ဟုတ်လား ကြည့် ကြည့် ပေါ်ပြီ "

"အဲ .." ဆိုပြီး ပါးစပ်ဟောင်းလောင်းနဲ့ မေမေ ။

"မေမေတို့ဗျာ..အခု ကျွန်တော်က အသက် ၂၁ပါဗျ ကလေးမဟုတ်တော့ဘူး
ဒီခေတ်ကြီးမှာအသက်၂၁ဆိုတာလေ...
မိန်းမယူရင်တောင်ယူလို့ရပြီး ခုလောက်ဆို မေမေတို့မြေး၂ယောက်လောက်ချီနေရလောက်ပြီ....
ခုများClubလေးလောက်ပဲသွားတတ်တဲ့လိမ္မာလွန်းတဲ့သားလေးကို အထူးတွေလုပ်..
ဒီလိုမှန်းသိ တန်အောင် မိန်းမလေးဘာလေးယူလိုက်ရမှာ "

" ဘယ်သူကရော မသွားနဲ့ပြောလို့တုန်း..
ခုတော့မင်းကအလွန်အကြူးလေ
Clubကမင်းအိမ်လား
ဒီအမေရှိနေတဲ့ အိမ်ကအိမ်လား မသဲကွဲဘူး ..
မင်းကို အပျော်အပါးလျော့ဖို့ပြောနေတာ
အံမယ်
မိန်းမတောင်ယူလိုက်ချင်သေး ရုပ်ကဖြင့် နို့နံ့တောင်မစင်သေးပဲ လေကြီးလေကျယ်တွေပြော "

The Royal Prince & The Modern Boy [CHANBAEK_Translation ]Historias para obsesionarse. Descúbrelo ahora