Thank You !

13.8K 1.1K 29
                                    

Unicode

************

Thank You !

Star Love ကို ညမွှေး 2017 May 25th မှာ စပြီးတော့ ရေးသားခဲ့ပြီး အခု တစ်နှစ်ခွဲခန့်အကြာမှာ အပြီးသတ်နိုင်ခဲ့ပါပြီ။

ကြားကာလတွေမှာ ညမွှေးဘက်က Error တွေကြောင့် အကြာကြီး ရပ်နားခဲ့ရတာတွေ ၊ ပြန်ရေးတော့လည်း တစ်ပတ်ကိုတစ်ပိုင်းရယ်ဘဲ ရေးနိုင်ခဲ့တာတွေနဲ့ တစ်ပတ်တစ်ပိုင်းကိုတောင် ပုံမှန်မရေးနိုင်ခဲ့တာတွေအတွက် အရင်ဦးဆုံး တောင်းပန်ချင်ပါတယ် ။

ဒီလိုမျိုး အချိန်တွေ အကြာကြီး ရေးတစ်လှည့် မရေးတစ်လှည့်နဲ့ ရေးခဲ့တာကို အပြီးထိ စိတ်ရှည်လက်ရှည် ဖတ်ပေးခဲ့ကြတဲ့အတွက် စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါရစေ။ စာဖတ်သူတွေသာ မရှိရင် ညမွှေးပန်းဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ညမွှေးရေးတာကို တစ်ကြောင်းသော်လည်းကောင်း စာတစ်ပိုဒ်သော်လည်းကောင်း၊ ဇာတ်လမ်းတစ်ပုဒ်လုံးသော် လည်ကောင်း ဖတ်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပြီးချစ်ပါတယ် ။

နောက်ပြီးတော့ Star Love Roleplayer များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။ ညမွှေး ဆိုးသမျှသည်းခံပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ် ။

Star Love ရေးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းရာမှာ ညမွှေးလိုချင်တဲ့ စာအုပ်တွေ ပို့ပေးခဲ့တဲ့ လိုချင်တဲ့ အကြောင်းအရာတွေကို ပို့ပေးခဲ့တဲ့ ကိုကြီးကိုလည်း ကျေးဇူးတင်ပါတယ် ။

ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်ပါရစေရှင် ။

တိုက်ဆိုင်စွာနဲ့ဘဲ Star Love II ကို အဆုံးသတ်ခဲ့တဲ့ ရက်မှာ Star Love I ကိုလည်း စာအုပ်အဖြစ်ထုတ်ဝေခွင့်ရခဲ့ပါတယ် ။ ကျောင်းက Project အနေနဲ့ တင်ရတဲ့ ဇာတ်လမ်းတစ်ပုဒ် အဖြစ်ကနေ ဒီလို စာအုပ်ထုတ်ဝေခွင့်အထိ ရခဲ့တဲ့အတွက် အရမ်းကိုပျော်မိပါတယ်ရှင် ။

ညမွှေးက စာရေးခြင်းကို နှစ်သက်ခုံမင်သူဖြစ်လို့ ညမွှေးက ဇာတ်လမ်းတွေ အများကြီးရေးနေဦးမှာပါ။ ညမွှေးပန်းဆိုတာကို ဖြစ်စေခဲ့တဲ့ စာဖတ်သူတွေကို ညမွှေးက ဇာတ်လမ်းတွေ အများကြီးနဲ့ ကျေးဇူးပြုနိုင်ဖို့ အမြဲတမ်းကြိုးစားနေမှာပါလို့ ပြောပါရစေ။

You've reached the end of published parts.

⏰ Last updated: Oct 18, 2019 ⏰

Add this story to your Library to get notified about new parts!

Star Love (II)Where stories live. Discover now