Chapter (19)

10.7K 1.3K 30
                                    

Unicode

**********

ဒုန်း ဒုန်း ဒုန်း

'' Alpha ကြီး .. Alpha ကြီး တံခါးဖွင့်ပါဦး.. ''

အခန်းတံခါးကို ဆက်တိုက် ခေါက်ကာ အော်ခေါ်နေသော ဂျူလီယန့် အသံကို ကြားလိုက်ရသည်။ ရေချိုးခန်းထဲက ထွက်ခါစ သြဂတ်စ် သဘက်ပိုင်းတစ်ခုကို ခါးတွင် အလျင်အမြန်ဆွဲဝတ်ကာ တံခါးဖွင့်ပေးလိုက်သည်။

အချိန်က မိုးလင်းခါနီး ဝေလီဝေလင်း အချိန်။ တောထဲကနေ ဂျူလီယန်ကို ပြန်ခေါ်လာပြီးနောက် သြဂတ်စ် ကိုယ့်အခန်းကိုယ်ပြန်ကာ ရေချိုးပြီးကာစမှာ ဂျူလီယန့်အသံကြားလိုက်ရခြင်း ဖြစ်သည်။

သြဂတ်စ် တံခါးဖွင့်ပေးလိုက်တော့ သြဂတ်စ်ရဲ့ အခန်းတံခါးရှေ့တွင် မျက်လုံးပြူးလေးနှင့် ရပ်နေသော ဆံနီလေး။ မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်နှင့် တစ်စုံတစ်ခုကို ထိတ်လန့်နေဟန်ရှိနေသည်။

ဂျူလီယန်ရဲ့ ပုံစံကြောင့် သြဂတ််စ်ပါ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားမိသည်။

ဂျွန်နှင့် လိုင်ခန်များဘက်က စတေးခံအရာတစ်ခုအနေနှင့် Luna ကို သုံးပစ်မယ်ဆိုသော သတင်းကို ပြန်ရောက်ရောက်ချင်းကြားခဲ့သဖြင့် တစ်စုံတစ်ခု ဖြစ်နေမှာ အလွန်အမင်းစိုးရိမ်နေရတဲ့ အချိန်။ တစ်စုံတစ်ခုများ ဖြစ်လာသလားဆိုသော စိတ်ဖြင့် ရင်ထဲက ဒိုင်းခနဲ။

စိုးရိမ်မှုကြောင့် ပျက်ချင်ချင်ဖြစ်နေတဲ့ မျက်နှာကို ပြင် ၊ မျက်မှောင်ကုတ်ကာ သြဂတ်စ် မေးလိုက်သည်။

'' ဘာဖြစ်လာတာလဲ.. ''

'' ကျွန်.. ကျွန်တော် ခင်ဗျား အခန်းထဲ လာနေလို့ မရဘူးလား .. ''

သြဂတ်စ် မျက်လုံးပြူးသွားသည်။

'' ဘာလုပ်မလို့ လဲ ..''

ဂျူလီယန် တစ်စုံတစ်ခုကို ထိတ်လန့်နေဟန်ဖြင့် အခန်းအပြင်ဘက်ကို တစ်ချက်ကြည့်သည်။

'' ကျွန်တော့်ကို ဟိုလူကြီးတွေ တစ်ချိန်လုံးကြည့်နေတာ ကျွန်တော် မနေတတ်ဘူး .. သခင်နိကိုလပ်စ်နဲ့ မာရာဆီသွားတော့လည်း ခင်ဗျားနဲ့ သွားနေလို့ ပြောလို့ .. ''

Star Love (II)Where stories live. Discover now