Chapter (18)

10.3K 1.4K 33
                                    

Unicode

*************

အရှိန်ပြင်းစွာ အင်အားကောင်းကောင်းဖြင့် ရွာသွန်းနေသော မိုးရွာသံများ။ ကြောက်စရာကောင်းလှသော လျှပ်စီးလက်သံများက ကျယ်လောင်စွာဖြင့် ကမ္ဘာလောကကြီးကို ရိုက်ခတ်နေပုံရသည်။

ရှိုင်းအိပ်ပျော်နေရာမှ လန့်နိုးလာမိသည်။ မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်မိခြင်းမှာပင် ပြတင်းပေါက်မှ ဖြတ်သွားသော လျှပ်စီးလက်သည့် အလင်းရောင်များနှင့် ဂျိန်းခနဲ မိုးခြိမ်းသံကြီးကို ကြားလိုက်ရသည်။

အိပ်နေရာမှ ထထိုင်လိုက်မိသည်။

Avalon မှ မိမိအိပ်ခန်းမဟုတ်တာကို သတိထားလိုက်မိကာ လန့်သွားပြီးမှ Nabbia တောအုပ်ထဲမှ မီးလျှံရဲ့ အိမ်ထဲမှရှိနေတဲ့ မိမိရဲ့ အဖြစ်ကို သတိရသွားမိသည်။

ရှိုင်းရဲ့ အိပ်ခန်းတစ်ခုလုံးလည်း လျှပ်စီးအလင်းရောင်များ တစ်ချက်ချက် ဝင်လာသည်မှအပ မှောင်မိုက်နေလျက်ရှိသည်။ ညအိပ်တုန်းက သေချာ ပိတ်အိပ်ခဲ့သော ရှိုင်းရဲ့ အခန်းတံခါးက ပွင့်လျက်ရှိသည်။

ထို့နောက် အခန်းပြင်က အသံတစ်ချို့ကြားလိုက်ရသည်။ မီးလျှံရဲ့ အသံဆိုတာ ချက်ချင်းသိလိုက်ပြီး ရှိုင်း ချက်ချင်းထရပ်ကာ အခန်းပြင်ကို ထွက်လာလိုက်သည်။

ရှိုင်းရဲ့ အခန်းပြင်ကို ထွက်လာသော အချိန်တွင် အပြင်ဘက် အောက်ထပ် ဧည့်ခန်းဘက်က အသံကို ကြားလိုက်ရသည်။

"ဟားဟားဟား... မင်းက ငါ့ကိုချစ်တယ်ပေါ့..ဟုတ်လား.. ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးပြက်လုံးကြီးတစ်ခုဘဲ... မင်းငါ့ကို ချစ်တယ်ဆိုတာ တကယ်တော့ မင်းနဲ့ မင်းအဖေတို့ ပေါင်းကြံထားတဲ့ ကြိုတင်ကြံစည်မှုကြီးတစ်ခုဘဲဆိုတာ ငါမသိဘူးများမှတ်နေလား... "

မီးလျှံရဲ့ အသံဆိုတာကို သိလိုက်သည်။ မီးလျှံံရဲ့ အသံနောက်တွင် နောက်ထပ် အသံတစ်ခုကို ကြားလိုက်ရပြန်သည်။

"မဟုတ်ပါဘူး... အဲ့ဒီလိုမျိုးမဟုတ်ပါဘူး.. "

တောင်းပန်တိုးလျှိုးသော စကားကို ပြောနေသူမှာ မိမိရဲ့ အသံဖြစ်နေသည်ကို ရှိုင်း ထူးဆန်းစွာ သိလိုက်ရသည်။

Star Love (II)Where stories live. Discover now