➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡

Minn Htet's Pov: အိပ်​​ဆောင်​ပြန်​တဲ့ လမ်းတစ်​​လျှောက်​လုံး ​ကောင်းဆက်​တို့ ငြိမ်​​နေလိုက်​တာ သူမဟုတ်​တဲ့ အတိုင်းပဲ အရင်တုန်းကဆို တစ်​လမ်းလုံး သူ့စကားသံ​တွေနဲ့ ဆူညံ​နေတာ ဒီ​နေ့ကျမှ ထူးထူးဆန်းဆန်း ဘာ​တွေဖြစ်​​နေလဲမသိဘူး ဟူးး. ဒါနဲ့ ထက်​အာကာဟိန်း ဆိုတဲ့ ​​တစ်​​ယောက်​ကို အခုတ​လော မ​တွေ့ရသလိုပဲ ​ကောင်းဆက်​ကို ​မေးကြည့်​ဦးမှ ..

"​ကောင်းဆက်​ "

"​ဗျာ.."

အမယ်​​ဗျာတဲ့ မဆိုးဘူး ဒီ​ကောင်​ စိတ်​အ​ခြေအ​နေ​ကောင်းတယ်

" အခုတ​လော ထက်​အာကာဟိန်း ဆိုတဲ့တစ်​​ယောက်​ကို မ​တွေ့ဘူး​နော်​ "

"အဲ့ဒါ ဘာဖြစ်​လဲ သူ့ကို​မ​တွေ့​တော့ မ​ကောင်းဘူးလား မင်းကို မြင်​တာနဲ့ ဝင်​တိုက်​​နေတဲ့ ​ကောင်​ကို "

"ဟာာ မင်းကလဲ အဲ့လိုတစ်​ဖတ်​သတ်​ကြီး​တော့မ​ပြောပါနဲ့ တစ်​ခါ​လေးဝင်​တိုက်​မိတာကို အမြဲတမ်းဝင်​တိုက်​​​နေတာမှမဟုတ်​တာ "

" အမ​လေး နာတတ်​​နေလိုက်​တာ သူ့ဟာကြီးကိုထိလို့ "

"ဘယ်​မှာနာလို့လဲ အမှန်​အတိုင်း​ပြောတာကို"

"မင်းသူ့အ​ကြောင်းမသိ​သေးပါဘူးကွာ"

"ငါသိ​အောင်​ မင်း​ပြောပြပါ့လား "

"ဒီလိုကွာ သူက ငါ့ကို တစ်​ဖတ်​သတ်​ crush ​နေတာ"

"ဘာာ!!! ​ယောက်ျား​လေးချင်းကြီး"

"ဟာာ လဒူရဲ့ ငါတို့​ကျောင်းမှာ Yaoi ​တွေအများကြီးပဲ "

"ဘာလဲ Yaoi "

"အဲ့ဒါ​ပြောတာ ပိန်းလိုက်​တာလဲလွန်​​ရော စာကလွဲ ပြီး ဘာမှစိတ်​မဝင်​စားတဲ့ အကျိုး​တွေ နဲနဲပါးပါး ​လေ့လာ စမ်းပါ "

"ထားပါကွာ ဆက်​​ပြော သူက မင်းကို crush ​နေ​တော့ မင်းက သူ့ကို ဘယ်​လိုသ​ဘောရလဲ "

"ဘယ်​လိုသ​ဘောရရမှာလဲ ဘယ်​လိုမှ သ​ဘောမရရဘူး သူ့မှာ ​စေ့စပ်​ထားတဲ့ မိန်းက​လေးရှိတယ်​ နာမည်​က ဆူးခတ်​နှင်းဆီ တဲ့ ဒါ​ပေမဲ့ သူက ဆူးခတ်​ကို လုံးဝမလှည့်​ကြည့်​ဘူး ဟိုကသာ သူ့ကို အရှင်​ရရ ​အ​သေရရဖြစ်​​နေတာ ပြီး​တော့ သူက ငါနဲ့တွဲသွားတွဲလာလုပ်​တဲ့လူ​တွေကကို ဒုက္ခ​ပေးတတ်​တယ်​ ဒါ​ပေမဲ့ မင်း​က​တော့ စိတ်​ချပါ သူမင်းကိုတစ်​ခုခုလုပ်​တဲ့​နေ့ ငါ့ကိုယ်​ငါ သတ်​​သေတဲ့​နေ့ပဲလို့​ပြောထားတယ်​ "
"ဘာ!!!! မင်းကိုမင်းသတ်​​သေမယ်​ "

"အင်း​လေ ဘာလို့လဲဆို​တော့ မင်းကိုငါ စ​တွေ့​တွေ့ချင်း အရမ်းခင်​မိသွားလို့ ပြီး​တော့ မင်းက တစ်​စုံတစ်​​ယောက်​နဲ့ တူ​နေသလို ငါ့စိတ်​ထဲမှာ ခံစား​နေရတယ်​ "

"ဘယ်​သူနဲ့တူတာလဲ "

" ငါလဲ မသိဘူး ဒါ​ပေမဲ့မင်းကို စိတ်​ထဲမှာ ရင်းနှီး​နေတာ ဘာ​လို့လဲ မသိဘူး "

"​အေးပါကွာ ထား​တော့ အိပ်​​ဆောင်​​ရောက်​​နေပြီ ​"

"ဟုတ်​သားပဲ အခန်း​သော့​ပေး"

"အမ​လေး ​​ကောင်းဆက်​ရယ်​ ငါလက်​မှမအားတာ "

"ဟုတ်​သားပဲ ဟီး. ဘယ်​မှာလဲ ​သော့ "

" ​အကျီင်္ အိတ်​ကပ်​ထဲမှာ နှိုက်​လိုက်​ "

"​အေး....."

" ​ဖွင့်​လိုက်​​တော့ "

"​အေးပါ မင်းကလဲ ဆိုတာ "

" ငါ​ညောင်း​နေပြီ​လေဟာ "

" ​အေးပါကွာ ခဏ ....."

"အခန်းမီးအရင်​ဖွင့်​လိုက်​ "

"အား!!!! "

"​ကောင်းဆက်​ ဘာဖြစ်​တာလဲ "

"မီးခလုတ်​​ပေါ်မှာ ​အေးစက်​စက်​ကြီး ဘာကြီးလဲမသိဘူး "

"ဟာ မင်းကလဲ ဖွင့်​လိုက်​​လေ "

"ဘယ်​လိုဖွင့်​မှာလဲ အဲ့​ပေါ်မှာ ​အေးစက်​စက်​ အ​ကောင်​ကြီးရှိ​နေတာကို "

" ဖယ်​ ငါဖွင့်​မယ်​ "

"အမ​လေး ပလုတ်​တုတ်​ "

ဒုန်း.!!!.ဒုန်း!!!..ခလွမ်​ !!!....ခလွမ်​!!!...

➡➡➡➡➡➡➡➡➡➡➡➡➡

😁တိုသွားတာ သိပါတယ်​ ​ဗျာ
😁 ​​ရေးပြီးသားပျက်​သွားလို့ ဒီပရက်​ရှင်​​တွေဝင်​ပြီး တိုသွားတာပါ​ဗျာ
အပ်ပုဒိတ်​လာ​တောင်း​ပေးတဲ့ အသဲ အရမ်းချစ်​တယ်​​နော်​ 😘😘
ဖတ်​​ပေးတဲ့ reader ​လေး​တွေလဲ အရမ်းချစ်​ပါတယ်​ 😘😘
ပြီး​တော့ အကြာကြီး ပစ်​ထားတာ မဟုတ်​ပါဘူး​နော်
ခုတ​လော ​ကျောင်းကိစ္စ​တွေနဲ့ အရမ်းရှုပ်​​နေလို့ပါ
နောက်​ပိုင်းမှန်​မှန်​ အပ်​ပုဒိတ်​နိုင်​​အောင်​ ကြိုးစားပါ့မယ်​​ဗျ 😘😘😘
Reader ​လေး​တွေ 사랑해요 😘😘😘
ဒါနဲ့ ,BTW ​ကောင်းဆက်​နဲ့ ရှိုင်းထက်​ ဘာ​တွေဖြစ်​ကုန်​တာလဲမသိဘူး​နော်​ ခလွမ်​ ​တွေ​ရော ဒုန်း​တွေ​ရော 😂😂😂😂

You are my everything 💕💕Where stories live. Discover now