" ဘာကတိလဲဟင်​"

"​နောက်​တစ်​ခါ မငို​တော့ပါဘူးလို့ ကတိ​ပေးမှာလား "

"အင်း မငို​တော့ဘူး..ကတိ"

" ခဏ​စောင့်​​နော်​ "😉

"ဟုတ်​"

A little later,

"​ရော့ ကိုကို့ က​လေး​လေး ရဲ့အရုပ်​ ပြန်​ရပြီ "

"Yayy...မိုက်​တယ်​ ..ဒါနဲ့ ကိုကို့ နာမည်က ဘယ်​လို​ခေါ်လဲဟင်​ "

"ကိုကို့နာမည်​မ​ပြောပြခင်​ က​လေး​လေး နာမည်​ အရင်​​ပြောပြ "

"သားနာမည်​က စိုင်း​ကောင်းဆက်​မှူးပါ​ဗျ "

"ချစ်​ဖို့​ကောင်းလိုက်​တာ ကိုကို့ နာမည်​က........."

" ကိုကိုတို့ ပြန်​​တွေ့ကြမယ်​နော်​ "

"ကိုကိုက ဘယ်​မှာ​နေတာလဲဟင်​ ပြီး​တော့ဘယ်​သွားမှာလဲ "

"ကိုကိုက ရန်​ကုန်​မှာ​နေတာ ဒီကို ခဏ လာလည်​တာဟိုဘက်​တစ်​လမ်းမှာ ကိုကို့ရဲ့ တီတီ ရှိတယ်​​လေ ဒါ​ပေမဲ့ ညကျ ပြန်​​တော့မှာ"

"က​လေး​လေး ရဲ့အိမ်​က​ရော ဘယ်​မှာလဲ "

"ဟိုးမှာ ​တွေ့လား အိမ်​အပြာ​ရောင်​​လေး အဲ့ဒါ သားရဲ့အိမ် ကိုကို့ အိမ်​က​ရော "

"ကိုကို့အိမ်​က ဟိုးအ​အ​ဝေးကြီးမှာ က​လေး​လေး မမြင်​ရဘူး ဟိုး... တခြားမြို့မှာ "

"အင့်​ ဒါဆို ကိုကိုက အဲ့အိမ်​အ​ဝေးကြီးကို ပြန်​မှာ​ပေါ့ "
"ဒါ​ပေါ့ က​လေး​လေးရဲ့ ဒီ​နေ့ညကျ ​လေယာဉ်​​ကြီး စီးပြီးပြန်​မှာ ....ကိုကို ပြန်​သွားရင်​ ​က​လေး​လေး ကိုကို့ကို​ပေးထားတဲ့ ကတိ မ​မေ့ရဘူး​နော်​ "

" ဟုတ်​ ​နောက်​တစ်​ခါ ဘယ်​တာ့မှ မငိုရဘူး.."

" ဟက်​...ဟုတ်​ပါပြီကွာ လာပါဦး ကိုကို့ဆီ "

"ရွှတ်​ ကိုကိုပြန်​​တော့မယ်​ က​လေး​လေးလဲ ပြန်​​တော့​လေ ..."

"ဟုတ်​ ကိုကို တာတာ့ "

"က​လေး​လေးလဲ တာတာ့ ​ကောင်း​ကောင်းပြန်​​နော်​"
" ဟုတ်​ "

Flash Back end➡➡➡➡➡➡➡➡➡➡➡

က​လေးဘဝ​လေးတုန်းက အိမ်​နားက ပန်းခြံ​လေးမှာ ကျွန်​​တော်​ တစ်​​ယောက်​ထဲ ​ဆော့​နေတုန်း ကျွန်​​တော့်​ထက်​ ခန္ဓာကိုယ်​ကြီးတဲ့​ကောင်​​တွေက ကျွန်​​တော်​စက်​ရုပ်​​လေးကို လုသွားလို့ ငို​နေရာက​နေ ဘယ်​ကဘယ်​လိုကျွန်​​တော့်​ဆီ​ရောက်​လာမှန်း မသိတဲ့ ကိုကိုက ကျွန်​​တော့်​ စက်​ရုပ်​​လေးကို ပြန်​ယူ​ပေးခဲ့တယ်​​လေ ပြီး​တော့ ကတိတစ်​ခုလဲ​တောင်းသွား​သေးတယ်​ ​နောက်​တစ်​ခါ ဘယ်​​တော့မှ မငိုနဲ့တဲ့​လေ.. ဒါ​ပေမဲ့ ကိုကိုရယ်​ ကျွန်​​တော်​ ကတိမတည်​ခဲ့ဘူး သိလား ကျွန်​​တော်​ ခဏခဏ ငိုခဲ့တယ်​ အမြဲတမ်း ငိုပြီးမှ ​ ကိုကိုကို့ သတိရတယ်​ ​​သြကိုကိုက ငိုတာမကြိုက်​ဖူးပဲ ဆိုပြီး​တော်​​ပေါ့... ကိုကို သိလား ကျွန်​​တော့်​ဘဝမှာ ဘယ်​သူကမှ ကျွန်​​တော့်​ကို က​လေး​လေး လို့မ​ခေါ်ဖူးဘူး အိမ်​က​မေ​မေနဲ့​ဖေ​ဖေ​တောင်​ ငယ်​​လေးလို့ပဲ ​ခေါ်တာ ပြန်​ဆုံခွင့်​သာ ရှိမယ်​ဆိုရင်​ ကျွန်​​တော်​နဲ့ တစ်​ကြိမ်​တစ်​ခါသာဆုံ​တွေ့ဖူးပြီး တစ်​သက်​လုံး သတိရ​နေတဲ့ ကိုကို့ကို ပြန်​တွေ့ချင်​တယ်​​ ​သေချာစဉ်းစားကြည့်​မှ ကိုကိုက ကျွန်​​တော်​နဲ့ အရွယ်​ မတိမ်းမယိမ်းပဲ​နော်​ ကိုကိုက သားထက်​တစ်​နှစ်​ နှစ်​နှစ်​​လောက်​ပဲကြီးမှာ............. ပြီး​တော့ အခုတ​လော ကိုကို့ကို အိပ်​မက်​ခဏခဏမက်​တယ်​ ...

You are my everything 💕💕Where stories live. Discover now