သောက်ကလေးလေး။
မသိရင်သူကပဲအိမ်မှာထိုကလေးကိုဘာမှ
မကျွေးဘဲအငတ်ထားသလိုလို။
မဖြစ်ဘူး ဒီနေ့ဆိုင်ပိတ်ပြီးထိုကလေးလေး
နောက်လိုက်မှရမည်။
ဟိုJihoonieဆိုတဲ့ကောင်ကမမြင်ဘူးသေး
ပေမဲ့ ကလေးအပေါ်ဟိုလိုလိုဒီလိုလိုကြံမယ့်
ကြာကူလီမှန်း သိသာနေပြီမဟုတ်လား။

"ကလေး အဲ့Jihoonieဆိုတဲ့တစ်ယောက်ထက်
ဟို ကလေးနဲ့ထမင်းခိုးစားတဲ့ကောင်လေးနဲ့ပဲ
ပေါင်းကြားလား။ အဲ့Jihoonieဆိုတာကို
သိပ်မပေါင်းနဲ့"

"ဘာလို့လဲ ပါးရဲ့...JiminieကTaetaeကို
မုန့်ဝယ်ကျွေးဘူးလေ။ တခါတလေTaetae
မုန့်တွေတောင်သူကယူစားသေး"

"ကိုယ်မုန့်ပိုထည့်ပေးမယ် အဲ့Jiminieနဲ့ပေါင်း
ကြားလား ကလေး"

"ပြီးရော Taetae ကာတွန်းသွားကြည့်တော့
မယ် မနက်စာမြန်မြန်ပြင်နော်ပါး Mwah"

သူ့ပါးကိုရွှတ်ခနဲလှမ်းနမ်းပြီး
အောက်ထပ်ကိုလုံးတုံးလုံးတုံးပြေးဆင်း
သွားတဲ့ အကောင်ပေါက်ကလေးကို
ကြည့်ပြီး ပြုံးနေမိသည်။
သူဒီကလေးလေးကိုတအားအလိုလိုက်ထား
မိသည် မဟုတ်လား။
ခုတော့ကလေးကသူငယ်ချင်းအသစ်တွေ
ဘာတွေနဲ့တောင်ချိန်းလို့။
တော်သေးတယ် သူမသိဘဲခိုးမသွားလို့။
ကျောင်းမှာလဲ ကလေးကိုစီနီယာတွေရော
ဂျူ နီယာတွေရော ယောက်ျားလေး
မိန်းကလေးမရွေးချစ်ကြသည်လို့
သူသတင်းရထားသည်။
ဖြစ်နိုင်ရင်အိမ်မှာပဲ စာခေါ်သင်စေချင်ပေမဲ့
ကျောင်းသွားရတာအလွန်ပျော်နေတဲ့
ထိုကလေးလေးရဲ့အိမ်မက်တွေကို
မဖျက်ဆီးလိုသောကြောင့်သာ
ခွင့်ပြုခဲ့ရသည်။

☮☮☮☮☮☮☮☮☮Purple☮☮☮☮☮☮☮☮☮

"ကလေး ဖြေးဖြေးသွားလေ"

သူကသာစိတ်ပူနေတာ။
ဟိုကလေးကတော့ဖြင့် ဖင်လေးကော့တော့
ကော့တော့နဲ့ ဟိုအကောင်ဆီပြေးသွား
တာများ လုံးနေတာပဲ။
ဟိုကောင်ကလဲ ရှိသမျှသွားတွေအကုန်ဖြီး
ပြထားတာများ လေဖြတ်လုမတတ်။
ရုပ်ကြည့်တော့လဲ ကလေးမသာလိုလို
ဘာလိုလိုနဲ့...အဲ့ဒါနဲ့များအထက်တန်း
နောက်ဆုံးနှစ်တဲ့ လာသေး။
Jeon Jungkookတို့အထက်တန်းတုန်း
ကများ ဘဲကြည်စော်ကြည် ရှိသမျှ
အကုန်ကြည်ခဲ့တာပါနော်။

PURPLE || KV || ✔Where stories live. Discover now