Zawgyi
မနက်စာကို တော်ရုံတန်ရုံကိုယ်တိုင်လုပ်လေ့
မရှိသော Jungkookတစ်ယောက်
ထိုအကောင်ပေါက်လေးရောက်လာချိန်မှစ၍
စနစ်တကျ ချက်ပြုတ်ပြင်ဆင်တတ်လာသည်။
ပေါက်စလေးကလဲ Hybridဆိုတော့
ဆိုင်က စားစရာမှာပေးရင်အနည်းငယ်
အထွန့်တက်တာကိုလဲ သတိထားမိနေခြင်းပင်။ပြောင်းဖူးပေါက်ပေါက်ကိုMicrowaveထဲ
ထည့်ထားသည့်အချိန်အတွင်း
ထိုကလေးလေးစားဖို့ သုံးထပ်သားကိုလဲ
မီးပြင်းပြင်းနှင့်ကျက်အောင်
ကင်ပေးရသေးသည်လေ...။
ပေါက်စက မစားဖူးဆိုရင်တောင်တစ်နေ့ကို
အသား၁၂ကီလိုလောက်တော့အသာလေးပင်။ယခုလဲ သူကသာ မီးဖိုချောင်ထဲ
တကုတ်ကုတ်နှင့်အလုပ်ရှုပ်နေတာ,,
ထိုကလေးကအိပ်ရာထဲကတောင်မထသေးချေ။
ပြောင်းဖူးပေါက်ပေါက်ကို နွားနို့ပူပူလေး
နှင့်ရောထည့်ထားသည့်ခွက်ကလေး
အား စားပွဲပေါ်အသာချပြီးထိုကလေးလေး
အား အိပ်ရာနှိုးရန်အခန်းထဲသို့,,,အခန်းထဲရောက်ခိုက်တွင် ခုတင်ပေါ်၌
ထိုအကောင်ငယ်လေးရှိမနေ။
ပုခက်ထဲတွင်ရှိလိုရှိငြားကြည့်မိသော်လည်း
ထိုပိစိလေး၏ အရိပ်အယောင်မတွေ့ရ။"ကလေး? Taetaeလေး?"
သူစိတ်ပူသွားမိသည်...။
မတော်လို့များ သူအိပ်ပျော်နေတုန်း
အိမ်ထဲကထွက်သွားတာတို့ ဘာတို့ဆို??
ရင်တဒိတ်ဒိတ်နှင့် အခန်းတစ်ခုလုံးကို
မွှေနှောက်ရှာကြည့်တော့ ခုတင်အောက်က
ဖြူ ထွေးထွေး စောင်ပုံကြီးတခု။
သေချာကြည့်မိတော့မှ စောင်ဖြူ ကြီး၏
အစွန်းသတ်နားတွင်လှုပ်လီလှုပ်လဲ့ဖြစ်နေသော
နားရွက်ညိုညိုလေးနှစ်ဖက်...။စောင်ကြီးတခုလုံးထဲကို ဖက်ထုပ်လေး
ထည့်ထားသလို လုံးလုံးလေးဖြစ်နေသော
ကြောင့် ထိုကလေးငယ်၏ခန္ဓာကိုယ်အား
Jungkookမမြင်မိခြင်းပင်။"အော်...ကလေးလေးရယ်။ ဘယ်လိုဖြစ်ပြီး
ဒီကိုလာအိပ်နေရတာတုန်း "စောင်ပုံလေးကြားထဲမှာ သူ့အသံကြား၍
ပြူးကြောင်ကြောင်ကြည့်လာသော
ထိုအကောင်ပေါက်လေးအား
ပွေ့ချီပြီးခုတင်ပေါ်အသာအယာချစေမိသည်။
आप पढ़ रहे हैं
PURPLE || KV || ✔
फैनफिक्शनThis story is my first Hybrid Creation 💕 I hope you'll enjoy Baby Tae and Daddy Jeon 🐰🐯