01

124 1 0
                                        

များများစားစား ပြောစရာမရှိပေမဲ့
သူတို့တွေက ပြောမှ ယုံကြတာပါပဲ
ကိုယ်​က အားနည်းချက်​များတဲ့ အရှုံးသမား တယောက်
ဘာကိုမှ ရှင်းပြလိုစိတ်​ မရှိခဲ့
မာကျောချင်​ယောင်​ဆောင်
မျက်​နှာကို သုန်​မှုန်
ဘယ်​သူ့ကိုမှ စိတ်​မဝင်​စားဟန်​ ပုံဖမ်းတတ်​ပေမဲ့
ကိုယ့်​အသက်​ဟာ ကိုယ်​ဖြတ်​သန်းလာရတဲ့
ဘဝပုံစံနဲ့ဆိုရင်
ငယ်​တာပေါ့ကွာ
မင်းမှ မသိပဲ
ကိုယ်​ဘယ်​လို ရှင်​သန်ခဲ့ရတာ
မေတ္တာတရားလည်း ချို့တဲ့
ငွေရေးကြေးရေးလည်း ချို့တဲ့
ရုပ်​ရည်​မှာလည်း ချို့တဲ့နဲ့
ကိုယ့်​မှာ အသက်​ရှင်​ရတာ
ကျောရိုးတောက်​လျှောက်​ အနာတရတွေ
ပြီးတော့ မောဟတွေ
တဘဝလုံး မပြတ်​မသား
မရင့်​ကျက်
ကလေးသာသာ ဒေါသတွေနဲ့
မင်းတို့လောက်​မှ မတော်​ခဲ့တာ
ကိုယ့်​အပြစ်​မဆိုသာ
ဆိုချင်​လည်း
စာအုပ်​တအုပ်​ပေါ်က လက်​မှတ်​တခု အတွက်
အပျိုရည်​ပျက်​ခဲ့တဲ့
ကိုယ့်​ကိုသာ
လှောင်​ရယ်​ကြပါတော့
ဖာဇာတ်​ သွင်း ကြ ပါ တော့
လိမ္မာခြင်းဟာ
ကိုယ်​နဲ့ ဘယ်​တုံးကမှ မတော်​တဲ့
အောက်​ခံ ဘောင်းဘီ တစ်​ထည်​သာ

CigaretteStories to obsess over. Discover now