ယူဂျီ တစ်ယောက် သူ့ရုံးခန်းတွင် ထိုင်ကာ game ပုံကြမ်းတွေကြည့်နေတော့သည်။ အရှေတွင် ခန်နိုင်ရပ်နေကာ
ယူဂျီ။ ။ " နေပိုင်သော် က မလာသေးဘူးလား.. "
ခန့်နိင် ။ ။ "အင်း..အခုထိကိုမရောက်သေးပါဘူး..."
ယူဂျီ။ ။ "ဒီကောင်.... ငါဒီလောက်ပြောထားတာကိုတောင်.....ကောင်းပီး..ငါသူ့ကို phဆက်လိုက်မယ်...မင်းသွားလို့ ရပီး.."
ခန့်နိင် ။ ။ "ဟုတ်ကဲ့... "
ခန့်နိင် ထွက်သွား ပြီးတော့ ယူဂျီ တစ်ယောက် နေပိုင်သော် ကို ph ဆက်လိုက်တော့သည်။
ယူဂျီ ။ ။ " hello.... ဟေ့ရောင် ဘာလုပ်နေလဲ... အခုထိမလာသေးဘူးလား..."
Ph တစ်ဖက်တွင်,
နေ။ ။ "ငါဒီနေ့ မလာဖစ်တော့ဘူး...ငါအိမ်အသစ်ကို ဒီနေ့ သွားရမယ်လေ...ပြီးတော့ နောက်ပီး ငါနောက်တစ်ယောက်အတွက် ခွင်တိုင်ချင်လို့ .."
ယူဂျီ။ ။ "ဘယ်သူလဲ... "
နေ။ ။ "မင်းခက်... သူလည်း ဒီနေ့ မလာဖစ်ဘူး...."
ယူဂျီ။ ။ "ဟမ်....မင်းခက်ဆိုတာ..စစ်အောင် ညီ..မလား....နေအုန်း မင်းကဘာလို့ သူအတွက်ခွင်တိုင်ရတာလဲ.....မဟုတ်မှ...မင်း အဲ့ကောင်လေးကို သတ်ပီး ငါနဲ့ လာစကားပြောနေတာတော့..မဟုတ်ပါဘူးနော်.."
နေ။ ။ "သူငါ့အနားမှာရှိတယ်...စကားပြောမလား..."
ယူဂျီ။ ။ "မင်းတို့ က အခု ဘယ်လိုတွေ လဲ..."
နေ။ ။ "ငါအဲ့အကြောင်းနောက်မှပဲပြောမယ်...အခုတော့ ph ချပီး.."
ဒီလိုနဲ့ တစ်ဖက်တွင်
ပိုင်ဖြိုး တစ်ယောက် လက်သီး ဆုပ်ထားတော့သည်။
သူရ။ ။ "သူတော်တော်ပြောင်းလဲသွားတာပဲ..."
ဘုန်းကြွယ်။ ။ "ဘယ်သူ ကိုပြောတာလဲ..."
သူရ။ ။ "အာာ ဒီလိုပါပဲ..သူငယ်ချင်း တစ်ယောက် အကြောင်းစဉ်းစားမိလို့ပါ.."
ဘုန်း။ ။ "အာာ.....ဟေ့ရောင် ပိုင်ဖြိုး ဘာတွေ စိတ်တိုနေတာတုန်း..တစ်ယောက် ယောက်ကို သတ်တော့မယ့် ပုံနဲ့... "
ပိုင်ဖြိုး ။ ။ "ဒီလိုပါပဲ.... "
ထိုအချိန် ယူဂျီ ထွက်လာပီး
ယူဂျီ ။ ။ "အားလုံး ပဲ နက်ဖြန် ညကျရင်း game company တိုင်းက ပြုလုပ်မယ့် ညစာ စားပွဲ ပေါ့..အဲ့မှာ ကျွန်တော် တို့က game အသစ်တွေကိုတင်ပြရမယ်..တခြား Company တွေနဲ့ အပြိုင်ပေါ့...ok..နက်ဖြန် ည Asian hotel မှာ တွေ့ကြတာပေါ့...အကောင်းဆုံးဖစ်အောင်ကြိုးစားကြတာပေါ့...."
ယူဂျီ ပြောတာကို အားလုံး ထောက်ခံကြတော့သည်။
ယူဂျီ ။ ။ " ပြီးတော့... သူရနဲ့ ပိုင်ဖြိုး ကျွန်တော် ရုံးခန်းထဲလာခဲ့ကြပါ..."
သူရနဲ့ ပိုင်ဖြိုး လည်း ယူဂျီ ရုံးခန်းထဲဝင်ပီး
ယူဂျီ။ ။ "ထိုင်ကြပါ....လွန်း ရဲ့ သူငယ်ချင်းတွေ မလား..."
သူရ။ ။ "ဟုတ်...ဟုတ်ပါတယ်.. ဒါနဲ့ အရင်က..."
ယူဂျီ ။ ။ " ဒါကတော့...တစ်ချို့ အကြောင်းပြချက်တွေကြောင့်ပါ..."
သူရ။ ။ "ရပါတယ်... ကျွန်တော် တို့ ဘယ်သူကိုမှမပြောပါဘူး.."
ယူဂျီ။ ။ "ကျေးဇူးပဲ.. "
ပိုင်ဖြိုး ။ ။ " အဲ့အကြောင်းပြချက် ခင်ဗျား က မိန်းကလေး ဆိုတာ ဘယ်သူ့ကို မှ မသိစေချင်တဲ့ အရာအတွက်နဲ့ ခေါ်တာလား.....ဟုတ်ပီးလေ...ဒါပဲမလား ကျွန်တော် သွားပီး.. "
သူရ။ ။ "သူ့အစား ကျွန်တော် ကပဲ တောင်းပန်ပါတယ်....ခွင့်ပြုပါအုန်း.. "
သူတို့ နှစ်ယောက်ထွက်သွားတော့ ယူဂျီ မဲ့ပြုံးပြုံးလိုက်တော့သည်။
တစ်ဖက်တွင်;
မင်းခက်တစ်ယောက် နေပိုင်သော် အိမ်ကိုပါလာတော့သည်။ နေပိုင်သော် အိမ်က အဆင့်မြင့်ကွန်ဒိုတိုက်ခန်း ဖစ်ပီး ထိုတိုက်ခန်းကနေ ရှူခင်းအလှတွေကိုမြင်ရတော့သည်။ ထိုအချိန်
နေ။ ။ " ဒီအခန်းက ငါတို့ အိပ်မယ့် အခန်း.."
မင်းခက် ။ ။ "ငါတို့........နေပါအုန်း..ဒီလောက်ကြီးတဲ့ ကွန်ဒိုမှာ အိပ်ခန်းသုံးခန်း ရှိတာ ကျွန်တော် အတွက် တစ်ခန်းပေးရမှာလေ...ဘာလို့ ခင်ဗျားနဲ့အတူအိပ်ရမှာလဲ...ကျွန်တော်က ခင်ဗျား မိန်းမ လားး အတူအိပ်ရအောင်.."
နေ။ ။ "ဟုတ်နေတာပဲလေ..."
မင်းခက် ။ ။ "ဘာပြောတယ်... ကျွန်တော် ဆီက ဘာလိုချင်တာလဲ.."
နေ။ ။ "ဒီနေ့ ငါတို့ရဲ့ပထမဆုံးရက်လို့ သတ်မှတ်ရအောင်.."
မင်းခက် ။ ။ "ဘာ...ဘာတွေ လာပြောနေတာလေ...ခင်ဗျား ရူးနေလား..ကျွန်တော် က ယောက်ျား လေးဗျ....နောက်ပီး မနေ့ညက မှားတဲ့အတွက်အကြောင့်...တာဝန်ယူနေစရာမလိုဘူးလို့ လည်းပြောထားပီးသားလေ။ "
နေ။ ။ "ငါမင်းကိုသဘောကျတယ်..."
မင်းခက် ။ ။ " ခင်ဗျား နဲ့ ကျွန်တော်က တွေ့တာ ဘယ်လောက်မှ မကြာပဲနဲ့."
နေ။ ။ "အင်းဟုတ်တယ်...စတွေ့ကတည်းကိုက သဘောကျတာ.."
မင်းခက် ။ ။ "ဒါဆို ဘာလို့ လူကိုလိုက်ပီး ရန်လိုနေရတာလဲ.."
နေ။ ။ "အဲ့ဒါက ကိုယ့်အကျင့်ပဲ...ဒါကြောင့် မင်းအကို စစ်အောင် နဲ့ပါ မတည့်တာ.."
မင်းခက် ။ ။ " ဒါကြောင့် ခင်ဗျား ဆီမှာ အပေါင်းအသင်း မရှိတာ.."
နေ။ ။ "ယူရိုလင်း ရှိတယ်လေ.."
မင်းခက် ။ ။ "အာာာ... ဟုတ်သား..အဲ့တုန်းက ကိစ္စ တွေကို မေးချင်နေတာာ..."
နေ။ ။ "ဘယ်တုန်းက ကိစ္စ လဲ..."
မင်းခက် ။ ။ " ယူရိုလင်း နဲ့ က ဘာမှမပတ်သတ်ဘူးပေါ့.."
နေ။ ။ "ကိုယ်လည်း သူ့ကို စိတ်မဝင်စားသလို...သူလည်းကိုယ့်ကိုစိတ်မဝင်စားဘူး...သူငယ်ချင်း က သူငယ်ချင်း ပဲ...နောက်ပီး နှစ်ယောက်စလုံးမှာက စိတ်ဝင်စားတဲ့သူတွေရှိပီးသားလေ.."
မင်းခက် ။ ။ "ယူရိုလင်း က ထားပါတော့..ခင်ဗျား က ဘယ်သူကိုစိတ်ဝင်စားတာလဲ..."
နေ။ ။ "မင်းလေ.."
မင်းခက် ။ ။ "ဘာာာ... ဒါဆိုကျွန်တော်ကို အရင်တည်းက သိနေတာပေါ့.."
နေ။ ။ "အင်း.. မင်းကို အရင်တည်းက သိနေပေမယ့်...မင်းနာမည် ကိုမသိခဲ့ဘူးလေ...ပိုင်ဖြိုး နဲ့ ယူရိုလင်း ဆီက မေးလို့ ရပေမယ့် ငါမမေးခဲ့ဘူး...အဲ့နောက်ပိုင်း ငါ ပြင်သစ်ကို ထွက်သွား ခဲ့တယ်လေ...ငါက မင်းလိုယောကျာ်းလေးတစ်ယောက်ကို ချစ်နေလို့ ငါ့ကိုယ်ငါ မုန်းခဲ့တယ်...မင်းနဲ့ ပြန်ဆုံတွေ့ပီးနောက်ပိုင်း မင်းက ငါ့အတွက် ပဲ ဆိုတာသိလိုက်ရတယ်..."
တဖြည်းဖြည်း အနားတိုးလာပီး မင်းခက်ကို ဖက်လိုက်တော့သည်။ မင်းခက် အစက ရုန်းနေပေမယ့် နောက်တော့ မရုန်းတော့ချေ။ နေပိုင်သော် တစ်ယောက် မင်းခက် ပခုံး ပေါ်တွင် သူ့မေးစေ့ တင်ထားလျှက် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တော့သည်။
မင်းခက် ။ ။ "ဒါဆို..ဘာလို့ ကျွန်တော်ကိုတွေ့တိုင်း လိုက်ရန်ဖစ်ချင်နေရတာလဲ..."
နေ။ ။ "ဘာလို့ ဆို မင်းက....မိန်းကလေး တွေကို လိုက်ကြည့်နေလို့လေ.."
မင်းခက် ။ ။ "ကျွန်တော်က ယောက်ျား လေးလေ...မိန်းကလေး တွေကိုကြည့်တာ ဘာဆန်းလို့လဲ..."
နေ။ ။ "မကြည့်ရဘူး...အခုကစပြီး ငါ့ကိုပဲကြည့်ရမယ်.."
မင်းခက် ။ ။ "ဒါမယ့်....."
ဆက်မပြောနိုင်တော့အောင် မင်းခက် နှုတ်ခမ်းလေးကို နမ်းလိုက်တော့သည်။
မင်းခက်တစ်ယောက် တွန်းထုတ်လိုက်ရင်းအခန်းထဲကိုပြေးဝင်သွားတော့သည်။
.................................................................................................
(မကောင်းသလိုဖစ်သွားရင်း နားလည်ပေးကြပါနော် ကိုယ်ဒီရက်ပိုင်း stress တွေပိနေတာနဲ့ အလုပ်က ပြန်လာရင်း ပင်ပန်း တာကြောင့် အရင်လိုမရေးနိုင်တော့ရင်း နားလည် ပေးကြပါနော်)
YOU ARE READING
ကျွန်မ ချစ်တဲ့ မမ
Romanceအရင်ဝတ္ထု က မပီးသေးဘူး ဒါမယ့် ဆက်လည်းမရေးချင်ဘူး။ ကိုယ် စိတ်မပါပဲ လျှောက်ရေးထားသလို ဖြစ်နေတယ်။ အခုဒီဝတ္တု လေးကို သေချာရေးကြည့်ချင်တယ်။ ဇာတ်လမ်းအကျဉ်း [ လွန်းတစ်ယောက်ငယ်ငယ်ကတည်းက ကြိတ်ချစ်ခဲ့ရတဲ့ မမ။ အကြောင်းတစ်ခုေ...