ကျွန်​မ ချစ်​တဲ့ မမ (5)

4.4K 236 3
                                    

မမရဲ့ မျက်​၀န်းတွေက တစ်​ခုခုကိုပြောချင်​သလိုဆိုတာ လွန်းရိပ်​မိသည်​။
လွန်း ။ ။ " သခင်​လေး ဘာကိုပြောချင်​တာလဲဟင်​ "
ယူဂျီ ။ ။ " ငါက အခု ယောကျာ်း.......ဟင့်​အင်း ငါ အရင်​တည်းက ငါက မိန်းမ မဟုတ်​ခဲ့တာ ငါ ....ငါ "
မမ ရဲ့မျက်​ရည်​က လွန်း ပါးပြင်​​ပေါ်သို့ကျသွား​တော့သည်​။
လွန်း ။ ။ " မမ "
လွန်းတစ်​​ယောက်​ မမ ပါးပြင်​​ပေါ်က မျက်​ရည်​​တွေ ကို သုတ်​​ပေးရင်း သူ့အ​ပေါ်တွင်​ အုပ်​မိုးထားတဲ့ မမ ကိုဖက်​ကာ
လွန်း။ ။ " အားရပါးရ ငိုလိုက်​ပါ မမ.. မကြာခင်​ မမ ရင်​ဆိုင်​​နေရတဲ့ အခက်​အခဲ ​တွေ အဆင်​​ပြေသွားမှာပါ "
ယူဂျီ တစ်​​ယောက်​ လွန်းသူ့ကို ဖက်​ထား​သော်​ လက်​​တွေဖယ်​ရင်း လွန်းအ​ပေါ်က​နေ ပါ ခွာကာ ကုတင်​​ခြေရင်းတွင်​ ထိုင်​လျှက်
ယူဂျီ ။ ။ " အခက်​အခဲ ငါ အရင်​ကတည်းက ရင်​ဆိုင်​​နေရတာပါ "
လွန်း။ ။ " ဘာအခက်​အခဲရှိလို့လဲ မမ... လွန်း ကို​ပြောလို့ရရင်း​ပြောပါ "
ယူဂျီ ။ ။ " ငါကလည်း မင်းကိုမှ ဘာလို့ ​ပြောပြချင်​​နေလဲမသိဘူး "
လွန်း။ ။ " မမ "
ယူဂျီ။ ။ "ငါအသက်​ 12 နှစ်​သမီးကတည်းက ငါခန္ဓာကိုယ်​က ​ယောကျာ်း​လေးအသွင်​​ပြောင်းလဲလာတယ်​။ ဘာ​ရောဂါဖစ်​တာလဲ ဆိုတာလည်း လုံးဝ အ​ဖြေရှာလို့ မရခဲ့ဘူး။ အသက်​​တွေ တစ်​နှစ်​ပီး တစ်​နှစ်​ကြီးလာတယ်​ ​နောက်​ဆုံး ကျ​တော့ မ​ပျောက်​တဲ့ အပြင်​ ​ယောကျာ်း​လေးအင်္ဂါ ပါရှိလာခဲ့တယ်​ ဆရာဝန်​​တွေက ဒွိလိင်​ လို့ ​ကောက်​ချက်​ချ​ပေမယ့်​ ငါက အရင်​ကတည်းက ရင်​သားလုံးဝမရှိခဲ့တာ ရယ်​ရတယ်​မလား... ဒါမှမဟုတ်​ အရင်​ကတည်းက ပဲ ငါက ​ယောက်ျား ​လေးများလား ငါ့ကိုယ်​ငါလည်းမုန်းတယ်​။ ငါက အရမ်းထူးခြားတဲ့သူဖစ်​​နေတဲ့ အတွက်​​ကြောင့်​မို့လို့လား။ ငါချစ်​သူ​တွေထားခဲ့တယ်​ ဒါမယ့် ဘယ်​အ​ကောင်​ကိုမှ ငါမချစ်​ခဲ့ဘူး ချစ်​လို့လည်းမရခဲ့ဘူး။ အချိန်​တန်​ရင်းအသားကျသွားမယ်​ ​တွေး​ပေမယ့်​အခုထိ ငါမ​နေတတ်​ခဲ့ဘူး။ အ​ဖေက ငါ့ကို အသစ်​တစ်​ဖန်​ပြန်​စ​စေချင်​တယ်​​လေ ဒါ​ကြောင့်​ မို့ အိမ်​​တွေ​ပြောင်းခဲ့တယ်​ ငါ့နာမည်​ ငါ့ပုံစံ​တွေက အစ​ပေါ့။ အ​မေကလည်း ​နောက်​အိမ်​​ထောင်​နဲ့ မို့ ဂျပန်​က​နေပြန်​မလာ​တော့ဘူး​လေ။ အ​ဖေက​တော့ လွန်​ခဲ့တဲ့ ငါးနှစ်​ကတည်းက ဆုံးသွားခဲ့ပီး။ ဒီအိမ်​မှာ အလုပ်​လုပ်​တဲ့သူ​တွေ အကုန်​လုံး က အ​ဖေ့ကို သစ္စာရှိကျတယ်​ အ​ဖေက သူတို့ ကိုမှာခဲ့တာ ငါ့ကို​စောင်​​ရှောက်​​ပေးဖို့ အတွက်​​ပေါ့..... အခုလိုမျိုးကြားရ​တော့ ငါ့အ​ပေါ်ရွံ့သွားလား "
လွန်း။ ။ "ဘာလို့ ရွံရမှာလဲ မမရယ်​ မမက ထူးခြားတဲ့သူဖစ်​​နေလို့ ရွံရမှာလား...​ခြေ​ထောက်​ မရှိတဲ့ သူ​တောင်​ ဘဝကို အရှုံးမ​ပေးဘဲ ရင်​ဆိုင်​တယ်​။ လက်​မပါတဲ့သူလည်း ​ခြေ​ထောက်​နဲ့ Piano ကိုတီးခတ်​တယ်​။ အကြိမ်​ကြိမ်​အခါခါ ကျရှုံး​နေတဲ့ စာ​ရေးဆရာ ​တွေ စီးပွား​ရေးသမား​တွေ သူတို့ ဘယ်​​တော့ မှအရှုံးမ​ပေးကြဘူး။ မမက​ရော မမအခုလို​ပြောင်းလဲလာလို့ ငါ့ကိုယ်​ငါ မုန်းတာပဲဆိုတဲ့ စိတ်​ကြီးကိုမထည့်​ပါနဲ့ ကိုယ့်​ကိုချစ်​ပါ။ လူတိုင်းမှာအခက်​အခဲကိုယ်​စီရှိကြတယ်​ ဒါမယ့်​ လူတိုင်းကလည်း လွယ်​လွယ်​နဲ့ အရှုံးမ​ပေးတတ်​ဘူး။ မမ ဝမ်းမနည်းပါနဲ့ ​တော့​နော်​ "
ယူဂျီ တစ်​​ယောက်​ လွန်း ကို စိုက်​ကြည့်​ရင်းက​နေ လွန်းခါး​လေးကိုဆွဲယူကာ နှုတ်​ခမ်းချင်းထပ်​တူကြလိုက်​သည်​။ လွန်းက​တော့ မျက်​လုံး​လေးပြူးကာ အံသြ​နေ​တော့သည်​။ ယူဂျီ လည်း လွန်းနှုတ်​ခမ်း​ပေါ်က သူ့နှုတ်​ခမ်း​လေးအား ခွာကာ,
ယူဂျီ။ ။ "ငါ့ကိုတွန်းထုတ်​မယ်​ ထင်​​နေတာ အခုထိ ငါ့ကိုချစ်​​နေတုန်းပဲလား"
လွန်းတစ်​​ယောက်​ ရှက်​ရှက်​နဲ့ ​ပြေးထွက်​လာ​တော့သည်​။ ယူဂျီ တစ်​​ယောက်​ ပြုံး​နေတာကို​တော့ လွန်းမသိခဲ့​ပေ။
ယူဂျီ။ ။ "​ကျေးဇူးပါ "
Next Morning,
လွန်းတစ်​​ယောက်​ မ​နေ့ ညက ကိစ္စ ​ကြောင့်​ မမ ကို​တွေ့ရမှာ ရှက်​​နေ​လေသည်​။ ဒီလိုနဲ့ ဧည့်​ခန်း ထဲကို မှန်​တံခါးက​နေ​ချောင်းကြည့်​​တော့ မမတစ်​​ယောက်​ ထုံးစမ်းအတိုင်း Laptop တစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေ​လေသည်​။ ထိုအချိန်​ အန်​တီ ထားက အမျိုးသားနှစ်​​ယောက်​ကို ​ခေါ်လာခဲ့​တော့သည်​။ ထိုအမျိုးသားနှစ်​​ယောက်​ကို​တွေ့ ​တော့ မမ က ထကာ တစ်​​ယောက်​ရဲ့လက်​​မောင်းကိုပုတ်​လိုက်​ပီး​တော့ ​နောက်​တစ်​​ယောက်​ကို​တော့ ဖက်​လိုက်​​လေသည်​။
လွန်း။ ။ "မမ ဖက်​​နေတဲ့ သူကိုငါမြင်​ဖူးသလိုပဲ...မှတ်​မိပီး ​ကျောင်းတုန်းက မမကိုကားနဲ့ လာကြိုတဲ့တစ်​​ယောက်​ပါလား.. မမနဲ့ ဘယ်​လိုပတ်​သတ်​တာပါလိမ့်​"
တစ်​ဖက်​တွင်​,
ယူဂျီတစ်​​ယောက်​ ဖက်​ရင်းမှခွာကာ
ယူဂျီ။ ။ " ​နေ​ကောင်းလား ​သော်​ကြီး "
နေ။ ။ " ​နေ​ကောင်းလို့ မင်းဆီ လာတာ​လေ မြင်​​နေရဲ့သားနဲ့ "
ယူဂျီ။ ။ "မင်းဟာ​လေ..အခုထိကို မ​ပြောင်းလဲ​သေးပါလား​နော်​ ​နေပိုင်​​သော်​... ဒါ​ကြောင့်​ မို့ သူငယ်​ချင်း မရှိတာ "
နေ။ ။ "​နေစမ်းပါ "
ယူဂျီ။ ။ " လာထိုင်​ "
နှစ်​​ယောက်​စလုံးထိုင်​​ပေမယ့်​ လူတစ်​​ယောက်​ က​တော့ မထိုင်​​သေး
နေ။ ။ " မင်း...အတွင်း​ရေးမှူးကိုအပစ်​​ပေးထားတာလား "
ယူဂျီ။ ။ "သူက အဲ့တိုင်းပဲ....ခန့် နိုင်​ထိုငိ​လေကွာ "
ခန့်​နိုင်​။ ။ "ဟုတ်​"
နေ။ ။ "မင်းဟာက စက်​ရုပ်​ကို အတွင်း​ရေးမှူးရထားတာလား... ငါနဲ့ အတူလာ​တော့လည်း ငါက တစ်​လုံး​မေးမှ တစ်​လုံး​ဖြေတယ်​ "
ယူဂျီ။ ။ "မင်းလည်း ဘာထူးလဲ ငါ့ အတွင်း​ရေးမှူးက အ​နေထိုင်​​အေးတာ မင်းကမှ တကယ့်​စက်​ရုပ်​ လူကို ရှိတယ်​လို့​တောင်​ မသတ်​မှတ်​ဘူး မင်းရဲ့ဘုကလန့်​အ​ပြော​တွေကိုသည်းခံတဲ့သူဆိုလို့ ငါပဲ ရှိလို့ ငါနဲ့ပဲ သူငယ်​ချင်း ဖစ်​​နေတာကိုများ "
နေ။ ။ " မင်းက​တော့ .... ဒါနဲ့ အလုပ်​ကိစ္စ..."
ယူဂျီ။ ။ " အာာာ...ဟုတ်​သား။ အခု မင်း JT game company ကိုဦး​ဆောင်​​ပေး "
နေ။ ။ " ဘာလား ငါက အခု ဒု မန်​​နေဂျင်​​လေ။ "
ယူဂျီ။ ။ "သိတယ်​​လေ...အခုဟာက Company မှာ ဥက္ကဋ္ဌ လည်း မရှိ။ ဒုမန်​​နေဂျင်​ ဖစ်​တဲ့မင်းက အခုမှပြန်​လာတာ​လေ အဲ့​တော့ ဥက္ကဋ္ဌ ဖစ်​တဲ့ ငါက အခုထိ မျက်​နှာမပြရ​သေး​တော့ လူ​တွေကလည်း ​ပြောချင်​တိုင်း​ပြော​နေကြတယ်​ အရင်​ဆုံးအဲ့ကိစ္စကိုမင်းပဲ ရှင်းပီး Company ကိုခဏဦး​ဆောင်​​ပေး။ ငါအချိန်​တန်​ရင်း လာမှာပါ "
နေ။ ။ "​အော်​...ငါက မင်းဘာလို့ မျက်​နှာမပြတဲ့ ကိစ္စ ကိုရှင်းရအုန်းမယ်​​ပေါ့..​အေး​လေ နက်​ဖြန်​ သူတို့ ကို​ပြောလိုက်​မယ်​​လေ။ သူက အရမ်းရှက်​တတ်​​တော့ အိမ်​ထဲက​နေအိမ်​ပြင်​​တောင်​မထွက်​ဘူးလို့ "
ယူဂျီ။ ။ "​ပေါက်​ကရ​တွေ ​ပြောလာကြည့်​ မင်းနဲ့ ​တွေ့မယ်​ ပြီး​တော့ ခန့်​နိုင်​ ကလည်း မင်းကို ကူညီ​ပေးမယ်​။ ​နောက်​ပီး စစ်​​အောင်​ ရဲ့ညီ ကလည်း နက်​ဖြန်​အလုပ်​စဆင်းမှာ "
နေ။ ။ " ဘာာာ အဲ့အ​ကောင်​နဲ့ ငါမတည့်​တာကို "
ယူဂျီ။ ။ " သူမဟုတ်​ဘူး သူ့ညီပါဟ။ "
နေ။ ။ " မသိဘူး...အလုပ်​ထုတ်​လိုက်​ "
ယူဂျီ။ ။ " စစ်​​အောင်​ကလည်း ငါ့သူငယ်​ချင်းပဲ​လေ။သူ​တောင်​အခု က​လေးအ​ဖေဖစ်​လို့ ရင့်​ကျက်​​နေပီး မင်းကအခုထိ က​လေးဆန်​တုန်းပဲလား.. "
နေ။ ။ "ဘယ်​မှာ ငါက​လေးဆန်​လို့ ​လဲ "
ယူဂျီ။ ။ "ငါထပ်​မ​ပြောဘူး​နော်​ သူ့ညီကိုလည်း ပြသာနာသွားရှာမ​နေနဲ့အုန်း"
ထိုအချိန်​ လွန်း တစ်​​ယောက်​ ဗန်း​လေးကိုင်​ကာ Coffee ခွက်​​လေးသုံးခွက်​ ချ​ပေးရင်း
လွန်း။ ။ " အန်​တီ ထား ပို့ခိုင်းလိုက်​တာ "
ယူဂျီက လွန်းကို ကြည့်​ရင်း
ယူဂျီ။ ။ "အင်း "
နေ။ ။ "​တော်​ပီး ငါမ​သောက်​​တော့ဘူး ပြန်​ပီး။ ခန့်​နိုင်​ မင်းလာ​ခေါ်လို့ ငါကားထားခဲ့တာ ပြန်​လိုက်​ပို့ ​ပေး "
ခန့်​နိုင်​။ ။ "အင်း..ဒါဆို ကျွန်​​တော်​သွားလိုက်​အုန်းမယ်​ "
နေ ။ ။ "ငါသွားပီး "
သူတို့ နှစ်​​ယောက်​ ထွက်​သွား ​တော့
လွန်း။ ။ " လွန်း စိတ်​အ​နှောက်​ယှက်​တစ်​ခုခု ​ပေးမိလားဟင်​ "
ယူဂျီ။ ။ "မဟုတ်​ပါဘူး..အဲ့အ​ကောင်​က အဲ့အတိုင်းပဲ "
လွန်း။ ။ "မမ မဟုတ်​ဘူး သခင်​​လေး အဲ့သူငယ်​ချင်း ​ကျောင်းတုန်းက လာကြိုဖူးတယ်​​နော်​ "
ယူဂျီ။ ။ " အွန်း..လွန်းက မှတ်​မိသားပဲ...ဘာလဲ စိတ်​ဝင်​စား​နေတာလား "
ကြောက်​ဖို့ ​ကောင်းတဲ့အကြည့်​နဲ့ ​မေးလိုက်​တဲ့ မမ​ကြောင့်​ ,လွန်းလန့်​ကာ
လွန်း။ ။ "မ ..မဟုတ်​ပါဘူး ​ကျောင်းတုန်းက ချစ်​သူ..."
ယူဂျီ။ ။ " သူနဲ့ ငါက ချစ်​သူ...အဲ့အ​ကောင်​ကို ယူမယ့်​သူမရှိမှာ​တောင်​ ငါကစိုးရိမ်​​နေတာာ...ငယ်​သူငယ်​ချင်း​လေ အဲ့အ​ကောင်​နဲ့ က "
လွန်း။ ။ "​အော်​.."
တကယ်​​တော့ လွန်း ရင်​ထဲတွင်​ အရမ်း​ပျော်​​နေသည်​ ချစ်​သူမဟုတ်​​တော့ လွန်းအတွက်​ပိုပီး​တောင်​ ​ပျော်​​နေ​တော့သည်​။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
( ​ပေါ့ပျက်​ပျက်​ ဖစ်​သွားရင်း နားလည်​​ပေးကြပါ​နော်​ စိတ်​ကူးယဉ်​ ဇာတ်​လမ်း မို့ ပါ။ ပြီး​တော့ မမ ကိုဒွိလိင်​က အရင်​ကတည်းက ငါ​တွေးထားတာမို့ ပါ​နော်​)

ကျွန်​မ ချစ်​​တဲ့ မမWhere stories live. Discover now