" အဟမ်း..... " ဆိုသော ချောင်းဟန့်သံက သူမအား လုပ်ချင်ရာလုပ်ပြီး ထိုင်နေရာကနေ အသိစိတ် ပြန်ဝင်လာစေခဲ့တယ်။

Oh Shit ! I'm damned!

" မင်းက ဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြုတ်ကျလာတာလဲ။ မင်းကဘယ်သူ့လူလဲ။ ဘယ်သူ့အမိန့်နဲ့ ဒီနေရာရောက်နေရတာလဲ။ #$%*$*$&#*$&$&"

သူမ မတ်တပ် မရပ်နိုင်သေးခင်မှာပင် တရစပ် မေးလာသောမေးခွန်းများနှင့် သူမလည်မြိုသို့ လာထောက်ထားသည့် ထက်ရှနေသည့် ဓားတစ်လက်.....

Jeal တစ်ယောက် အသက်ရှူတောင်မှားသွားခဲ့သည်။
~~' ငါ ဒုတိယ ဘဝလေးကို ရရချင်း သေရတော့မှာလားဟင်'-_-~~

" ဘာ...ဘာတွေဒီလောက်အလောတကြီးမေးနေတာလဲ။ အသက်လေးဘာလေး ရှူပါရစေဦး။ လောလောဆယ် ဒီဓားကြီးကို အရင်ဖယ်။ ကျွန်မ လူဆိုးမဟုတ်ဘူး" Jealတစ်ယောက် သူ့မကိုဓားနှင့်ထောက်ထားသည့် လူငယ်ကို ကျိုးကြောင်းဆီလျှော်အောင်ရှင်းပြရင်း မတ်တပ် ထရပ်ရန် ကြိုးစားသည်။

ခါးနာနေသည့် ကြားမှ ခက်ခက်ခဲခဲ မတ်တပ်ရပ်ပြီးနောက် သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည့် မျက်လုံး ၃စုံနှင့် ရင်ဆိုင်ရလေသည်။

[ OMG!!! ငါ့ကို စိုက်ကြည့်နေတဲ့ အနီလေးနဲ့တစ်ယောက်က ဝမ်နင်းလေးလား??]

[ပြန်ပြင်တယ်! ဝမ်နင်းဆို ငါ့ကို စူးစူးရဲရဲ ကြည့်နေတာမဟုတ်လောက်ဘူး။ အူ ကြောင်ကြောင်လေးနဲ့ ကြည့်နေတာပဲဖြစ်ရမယ်...အဟိ..]

Wen Ning ဘက်ကို ပြုံးစိစိကြည့်နေရင်း သူမလည်ပင်းကို တစ်ဖန် ပြန်ထောက်လာတဲ့ ဓားတစ်လက်။

"မင်း ဘယ်သူလဲ"

ခဏလေး အတွင်းမှာ နှစ်ခါဆက်တိုက်အမေးခံရခြင်းကြောင့် သူမပြန်ဖြေဖို့လုပ်နေစဉ်...

"Wen Clan ကပဲလား?"
သူမလည်ပင်းကိုထောက်ထားသော ဓားပိုင်ရှင် ဆီမှ နောက်ထပ် မေးခွန်းတစ်ခု ထပ်ထွက် လာသောကြောင့် သူမပြန်ဖြေ ဖို့ လုပ်နေစဉ်

" မဟုတ်ဘူး"

အမေးခံရသော သူမဆီမှ မဟုတ်တာကြောင့် သူမ အပါဝင် လူအားလူံး အသံလာရာသို့ လှည့်ကြည့်မိလိုက်သည်။

Now I Understand. Where stories live. Discover now