"ဟာာ..ကောင်းဆက်ရဲ့ မင်းလဲကြိုးစားပေါ့ ငါနဲ့အတူတူ A ခန်းမှာတက်ရအောင်..."
" အေးပါ..တကယ်လို့ မင်းတစ်ယောက်တည်း A ခန်းရောက်သွားရင် စောစောက မင်းကိုဝင်တိုက်ခဲ့တဲ့ ထက်အာကာဟိန်း နဲ့ ဝေးဝေးနေနော် "
" ဘာဖြစ်လို့လဲ ကောင်းဆက်ရဲ့ မင်းနဲ့သူငယ်ချင်း မဟုတ်ဘူးလား"
"ဟုတ်တာတော့..ဟုတ်တာပေါ့..ဒါပေမဲ့..သူ့အဖေက ကျောင်းမှာ ရှယ်ယာအများဆုံးကွ ...သူနဲ့ညိရင်မင်းဘယ်လောက်မှန်နေပါစေ...မင်းပဲကျောင်းထုတ်ခံရမှာ.."
" အေးပါကွာ..ဘာပဲဖြစ်ဖြစ်မင်းက Aခန်းမှာ တက်ကိုတက်ရမယ် ....ဒီနေ့ကစပြီး ငါနဲ့အတူတူ စာလုပ်မယ်လေ နော်..."
"အေးပါကွာ.. ."
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
One Week Later,
" မင်းထက် ငါဒီအပုဒ်သိပ်နားမလည်ဘူး.."
"ပြကြည့်လေ ရှင်းပြပေးမယ် "
"ဒီမှာ ...ဝှါးအိပ်ချင်လိုက်တာ..ဘယ်နနာရီထိုးပြီလဲ"
"၁၁ခွဲပဲရှိသေးတယ်....ဒီအပုဒ်ပြီးရင် အိပ်ဆောင်ပြန်မယ်လေ..နော်.."
"အေး..မြန်မြန်ရှင်း "
"ဒီအပုဒ်က..ဒီနားမှာ..မေးခွန်းလှည့်စားထားတာ...o==[]::::::::::::::::>ዞᏜ℘℘Ꮍ ℬℹℛʈዞᗬᏜ Ꮍ,¡i|¹i¡¡i¹|i¡li¡|¡|¡il¹ Ꮬ℘℘Ꮍ ℬℹℛʈዞᗬ ᏜᎽ...နားလည်လား.."
အမလေး ကိုယ်တော်ချောက အိပ်ပျော်နေတာ ကျွန်တော်ကလဲ အားတက်သရောရှင်းပြလိုက်ရတာဆိုတော့ သူ့ကို မကြည့်လိုက်မိဘူး ရှိုင်းမင်းထက်အောင်ကို ဒီလိုလာလုပ်လို့ရမလား စာရှင်းပြနေတာကို နားမထောင်ပဲအိပ်နေတယ်ပေါ့လေ....ဘောပင်နဲ့နဖူးကို ခပ်နာနာလေး ခေါက်ပေးလိုက်တယ်
"အ..မင်းထက် ဘာလို့လာခေါက်တာလဲ "
မေးတတ်လိုက်တာ ဘာလို့လာခေါက်တာလဲ တဲ့
"မင်းအိပ်နေလို့ ခေါက်လိုက်တာလေ မှတ်ပြီလား.."
" ဒီအတိုင်းလေးနှိုးလိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ ဟမ်.."
"မင်းက ငါစာရှင်းပြတာကို အိပ်ပျော်နေတာလေ စာထဲစိတ်မဝင်စားလို့လေ..."
" ဟွန့် လာ အိပ်ဆောင်ပြန်မယ် ငါအိပ်ချင်နေပြီ "
"ကိုယ့်ဘာသာကိုယ်ပြန်..ငါက စာလုပ်ဦးမှာ"
အမြင်ကပ်လို့ရွဲ့ဖြေပေးလိုက်တာ ကျွန်တော်သိသားပဲ သူတစ်ယာက်ထဲမပြန်ရဲဘူးဆိုတာ ကောင်းဆက်က သရဲကြောက်တတ်တယ်လေ.. သိလို့ကိုတမင်ပြောလိုက်တာ
"မင်းထက် မင်းကလေ အကျင့်ကိုမကောင်းဘူး ငါမပြန်ရဲတာသိလို့ အီး....ဟီး....ဗြဲ....."
"ဟာ..ကောင်းဆက်..မငိုနဲ့လေ....မင်းကလဲ...ငါက ဒီအတိုင်းနောက်လိုက်တာပါကွာ အတူတူပြန်ပေးမှာပေါ့...လာလာ..ထ..အတူတူပြန်မယ်...လာ.."
"အင့်...ရွှတ်...အကျင့်မကောင်းတဲ့ ဟာကြီး...ငါ့စာအုပ်တွေပါသယ်လာခဲ့.."
အမလေး မင်းထက်ရေ မင်းကတော့ ကလေးစိတ်မပျောက်သေးတဲ့လူကိုမှ သူငယ်ချင်းသွားတော်မိတာ သေပေတော့...ခံလိုက်တော့.....
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
နဲနဲတော့ ဖတ်ရတာ ရှုပ်နေတယ်မဟုတ်လား...
နောက်အပိုင်းတွေရောက်ရင် ဖြည်ူဖြည်းချင်းရှင်းသွားပေးပါ့မယ် ...
ပထမဆုံးရေးတာဆိုတော့ လိုအပ်တာလေးတွေ အများကြီးရှိပါတယ်နော် ..
Part 1
Start from the beginning
