ကျွန်​​တော်​​ပြောလိုက်​တဲ့ စကားက သူ့အတွက်​ ခါးသက်​​နေမယ်​ဆိုတာ သိ​ပေမဲ့ ကျွန်​​တော်​​ပြောလိုက်​ပါတယ်​ ...တုန့်​ပြန်​မှုက​တော့ "ဟက်"ဆိုတဲ့​ခြောက်​ကပ်​ကပ်​ရယ်​သံနဲ့ သူထွက်​သွားခဲ့ပါတယ်

"​ကောင်းဆက်​..ဘာဖြစ်​​နေတာလဲ..."

"ဟမ်​.. ဘာမှမဖြစ်​ပါဘူး ...မင်းဘယ်​နားနာသွား​သေးလဲ မင်းထက်​"

"အာ...ရပါတယ်​..သိပ်​မနာပါဘူး....ငါ့ကိုတိုက်​သွားတဲ့တစ်​​ယောက်​နဲ့ မင်းနဲ့ဘာ​တွေ​ပြော​နေကြတာလဲ မင်းကိုကြည့်​ရတာ မျက်​နှာလဲမ​ကောင်းဘူး "

"ရပါတယ်​ မင်းထက်​ရဲ့လာထမင်းသွားစားရ​အောင်​... "

"​စားလို့အဆင်​​ပြေရဲ့လား...မင်းထက်​ "

"ရပါတယ်​ဟ ငါစားတတ်​ပါတယ်​...ဒါနဲ့..မင်းနဲ့​စော​စောက ငါနဲ့တိုက်​မိတဲ့​တစ်​​ယောက်​နဲ့က သူငယ်​ချင်း​တွေလား.."

"ဆိုပါ​တော့ကွာ..."

"အဲ့ဒါပဲ ငါ့ကိုမိတ်​ဆက်​​ပေးတာမဟုတ်​ဘူး..​ကောင်းဆက်​ကလဲ မင်းရဲ့ သူငယ်​ချင်းဆို ငါ့ရဲ့သူငယ်​ချင်းပဲ​လေ ..မဟုတ်​ဘူးလား.."

"ဟုတ်​​တော့ဟုတ်​ပါတယ်​.."

"​ကောင်းဆက်​...ငါ​မေးမလို့.."

"​မေး​လေ ဘာ​မေးမလို့လဲ..."

" ဒီ​ကျောင်းရဲ့ A ခန်းမှာ အဆင့်​ဘယ်​​လောက်​ရမှ ​နေရမှာလဲ ..."

" ​အော်​ A ခန်းမှာလား...A ခန်းမှာ​နေချင်​ရင်​ Roll1to5 အတွင်းဝင်​​ရမယ်​ ဒါမှမဟုတ်​ ​ကျောင်းရဲ့ ရှယ်​ယာအများဆုံးပိုင်​ရှင်​တွေရဲ့သာသမီး ဖြစ်​​နေရမယ်​ .......ဘာလဲ မင်းက Aခန်းမှာ​နေချင်​လို့လား "

" ​အေး​​နေချင်​တာ​ပေါ့ A ခန်းမှာ ​နေရလို့ မ​ကောင်းတာမှမဟုတ်​တာ "

"​နောက်​ထပ်​တစ်ပတ်​​နေရင်​ စာ​မေးပွဲရှိတယ်​ အဲ့စာ​မေးပွဲမှာသာ မင်း 1to5 ဝင်​ကြည့်​ပါလား Aခန်းကို Auto ​ရောက်​သွားလိမ့်​မယ်​.."

" ဟုတ်​လား.."

" ​အေးဟုတ်​တယ်​...ဒါ​ပေမဲ့ မင်း A ခန်း​ရောက်​ရင်​ ငါကျန်​ခဲ့မှာ​ပေါ့.."

You are my everything 💕💕Where stories live. Discover now